ငွေညှစ်ခံရတယ်လို့ ဆိုလိုက်တဲ့ ကောလိပ်ဂျပိုးရုပ်ရှင်
ရုံတင်ပြီး သိပ်မကြာခင်မှာပဲ အွန်လိုင်းပေါ်မှာ ရုပ်ရှင်ချစ်ပရိသတ် များရဲ့ ဝေဖန်မှုကို ခံနေရတဲ့ ရုပ်ရှင်ကတော့ မြင့်မြတ် နဲ့ ဝတ်မှုံရွှေရည်တို့ သရုပ်ဆောင်ထားတဲ့ ကောလိပ်ဂျပိုး ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ဟာ စာရေးဆရာ ဇ၀န ရဲ့ ကောလိပ်ဂျပိုး စာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ ကတော့ ကိုဇော်(အရုဏ်ဦး) ဖြစ်ပါတယ်။
အဆိုပါရုပ်ရှင်ဟာ ရုံတင်ပြီးသိပ်မကြာခင်မှာပဲ စာအုပ်ကို ဖျက်စီးပစ်သလို ၊ဟာသကား မဟုတ်ပဲ ပေါလွန်းတယ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပြီး ၊ ရီဗျူး ရေးတဲ့ အွန်လိုင်း page တွေက အရည်အသွေးနိမ့်တဲ့ နောက်ထပ်ရုပ်ရှင်ကားလို့ သုံးသပ် ရေးသားနေကြတာ ဖြစ်ပါတယ်။
ဒီနေ့ မနက်မှာတော့ ကောလိပ်ဂျပိုး ရဲ့ Official ဖေ့ဘွတ်ခ်စာမျက်နှာ က ကောလိပ်ဂျပိုး အကြောင်း မကောင်းကြောင်း မရေးတော့ဘူး ဆိုရင် ဘယ်လောက်ပေးရမယ် ဆိုပြီး ငွေညှစ်ခံနေရပါတယ် ဆိုတဲ့ စာ ၂ ခု တင်ခဲ့တာကြောင့် ရီးဗျူး ရေးတဲ့ စာမျက်နှာတခုဖြစ်တဲ့ MMDB က ၊အဲ့ဒါဆိုရင် ဘယ် ရီဗျူး စာမျက်နှာက ငွေညှစ်တာလဲ ဆိုတာ ဖွင့်ချဖို့ တောင်းဆိုလိုက်ပြီး ၊လူကြီးမင်းတို့ “ ကောလိပ်ဂျပိုး” page တွင်တင်ခဲ့သော “ ငွေညှစ်ခံရတဲ့ ကောလိပ်ဂျပိုး” post နင့် ပတ်သက်သည့် အချက်အလက် အထောက်အထားများကို အများသိစေရန်အတွက် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးရန် M-MDB Page ကနေ တောင်းဆိုလိုက်ပါသည် ဆိုပြီးရေးထားတာဟာ ဖေ့ဘွတ်ခ် အသုံးပြုသူတွေကြားမှာ ဆွေးနွေးစရာ ဖြစ်လာနေပါတယ်။
ကာလိပ်ဂျပိုး Page က ရေးထားတာကတော့ ဒီလိုပါ။ ချစ်ပရိသတ်တို့ စိတ်ဝင်စားခြင်း ခံနေရသော ကောလိပ်ဂျပိုး ကတော့ အရာရာ နဲ့ အကြောင်း ကြောင်း ထင်ပါတယ်။ ကောလိပ်ဂျပိုး အကြောင်း မကောင်းကြောင်း(bad reviews) မရေးတော့ဘူး ငွေဘယ်၍ ဘယ်မျှ ပေး ပါလို့ ကမ်းလှမ်းခံရတော့ ကောလိပ်ဂျပိုး တစ်ယောက် တုန်လှုပ်ခြောက်ခြား မိပါတယ်။ကောလိပ်ဂျပိုး ကတော့ လူမိုက် အားပေး ဘယ်တော့မှ မလုပ်ပါဘူး ။အမှန်တရားဆိုတာ အချိန်တန် ရောက်လာတာပါပဲ နောက်ကျတာနဲ့ စောတာပဲ ကွာတယ်လေ…ကောလိပ်ဂျပိုး ရဲ့ မေတ္တာတွေ ကြောင့် မကောင်းမှု ပြုသူတို့ ရင်ထဲပူလောင်နေတယ် ဆိုရင် ရင်မပူအောင် ထပ်မံဆုတောင်းမေတ္တာပို့ ပေးပါမယ် (ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ) ကောလိပ်ဂျပိုး အပြစ်မယူပါဘူး။
ချစ်ပရိသတ်တို့ မေတ္တာဓါတ်ကြောင့် ကိုသိန်းဖေ နဲ့ မအေးစိန် တို့ ရင်ထဲ အေးချမ်းနွေးထွေးပြီး အားပေးမူ အမြင့်ဆုံး အချိန် ကိုရောက်ရှိလို လာပါပြီ။ ယနေ့ ရက်သတ္တပတ် ပြည့်သည့်အထိ ရုံပြည့် ရုံလျှံ အားပေးလျှက်ရှိသော ချစ်ပရိသတ်ကြီး အား အထူးကျေးဇူးတင်ရှိပါသည်။ ဒုတိယ စာမှာတော့ ” ဘယ်သူတွေ ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက် ကိုသိန်းဖေ နဲ့ မအေးစိန် ကတော့ ရယ်မောလျက်ပါပဲ ပရိသတ်ကြီးအပေါ်ထားတဲ့ စေတနာမှန်လို့ အပြုံးမပျက်နေနိုင်ပြီ အရမ်းချစ်တယ်နော်၊ ငွေညှစ်ခံ ရတဲ့ ကောလိပ်ဂျပိုးချစ်ပရိသတ်တို့ စိတ်ဝင်စားခြင်း ခံနေရသော ကောလိပ်ဂျပိုး ကတော့ အရာရာ နဲ့ အကြောင်းကြောင်း ထင်ပါတယ်။
ကောလိပ်ဂျပိုး အကြောင်း မကောင်းကြောင်း (bad reviews) မရေးတော့ဘူး ငွေဘယ်၍ ဘယ်မျှ ပေး ပါလို့ ကမ်းလှမ်းခံရတော့ ကောလိပ်ဂျပိုး တစ်ယောက် တုန်လှုပ်ခြောက်ခြားမိပါတယ်။ ကောလိပ်ဂျပိုး ကတော့ လူမိုက် အားပေး ဘယ်တော့ မှမလုပ်ပါဘူး။ အမှန်တရားဆိုတာ အချိန်တန် ရောက်လာတာပါပဲ နောက်ကျတာနဲ့ စောတာပဲ ကွာတယ်လေ… ကောလိပ်ဂျပိုး ရဲ့ မေတ္တာတွေ ကြောင့် မကောင်းမှု ပြုသူတို့ ရင်ထဲပူလောင်နေတယ်ဆိုရင် ရင်မပူအောင် ထပ်မံ ဆုတောင်းမေတ္တာပို့ ပေးပါမယ် (ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ) ကောလိပ်ဂျပိုး အပြစ်မယူပါဘူး။
ချစ်ပရိသတ်တို့ မေတ္တာဓါတ်ကြောင့် ကိုသိန်းဖေ နဲ့ မအေးစိန် တို့ ရင်ထဲ အေးချမ်းနွေးထွေးပြီး အားပေးမူ အမြင့်ဆုံး အချိန် ကိုရောက်ရှိလို လာပါပြီ။ယနေ့ ရက်သတ္တပတ် ပြည့်သည့်အထိ ရုံပြည့် ရုံလျှံ အားပေးလျှက်ရှိသော ချစ်ပရိသတ်ကြီး အား အထူးကျေးဇူးတင်ရှိပါသည်။
Post a Comment