Header Ads

ကောင်မလေးတွေနဲ့ပတ်သက်လို့ ကောင်လေးများသိစေရန်


.......
မနေ့က ကျနော်တို့ အဖွဲ့တွေ တည်းခိုခန်း စားသောက်ဆိုင် စတိုးဆိုင် လမ်းဘေးဆိုင်ကအစ ကြော်ငြာ marketing လုပ်ဖြစ်ပါတယ်။ အလုပ်လုပ်ရင်းနဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ကျနော်တို့တွေ ထိုင်ဖြစ်ရင်း ကောင်မလေးတွေ အကြောင်း အတင်းတုတ် ဖြစ်ခဲ့တာပေါ့။ အဲအချိန်မှာ ကျနော့်ရင်ထဲ ပြောစရာ စကားလုံး တွေ့လာပါတယ်။

တည်းခိုခန်း အ၀င်မှာ ထွက်လာတဲ့ စုံတွဲ တစ်တွဲကို အကြောင်းပြုပြီး စကားဝိုင်း စဖြစ်ခဲ့တာပါ။ ကောင်မလေးတွေက ခုနောက်ပိုင်း သိက္ခာ မရှိတော့ဘူးပေါ့။ မြန်မာပြည်ဟာ ဒီမိုကရေစီနဲ့ မတန်ဘူးပေါ့။ လွှတ်ပေးလိုက်ရင် ဘော်လီ မပါပဲနဲ့တောင် ကောင်မလေးတွေ လမ်းလျှောက်လောက်တယ် တဲ့။

ရည်းစားဖြစ်ပြီ ဆိုတာနဲ့ ဘာညာဘာညာ ဖြစ်နေတော့ အပျိုစစ်က မရှိတော့ဘူးတဲ့။ ကောင်မလေးတွေက အထင်ကြီးစရာ မရှိတော့ဘူးတဲ့။ ခုခေတ် ကောင်မလေးတွေက အညှာလွယ်တယ်တဲ့။ အဲ့ စကားသံတွေနဲ့ ပတ်သက်လို အနည်းငယ် ပြောပြချင်တယ်။

ကောင်ကလေးတွေကရော ကောင်မလေးတွေကို တန်ဖိုးထား ဖူးရဲ့လား။ တန်ဖိုးဆိုတာ ထိန်းသိမ်းလိုသူရဲ့ စိတ်နှလုံးသားပေါ် မူတည်ပြီး အဲ့ နာမ်တစ်ခုက မြင့်တက်လာတာပါ။ ရွှေဆိုတာ စားမရဘူး။ ဒါပေမယ့် လူတွေက တန်ဖိုးထားနေတယ်။ ဒီတော့ သူက သုံးစားမရလဲ တန်ဖိုးက မြင့်နေတာပဲ။


ကောင်မလေးတွေ ကိုလဲ ကျနော်တို့တွေကသာ တန်ဖိုးထားရင် မိန်းမပျက် ဖြစ်ဖူးခဲ့ရင်တောင် သူ့တန်ဖိုးဟာ မြင့်နေတာပါပဲ။ အွန်လိုင်းမှာ မြန်မာ မိန်းကလေးတစ်ယောက် ဖော်ချွတ် sexy လေးဖြစ်ဖြစ် ကြည့်လိုက် ဆဲဆို အပြစ်တင် မဆုံးပါဘူး။ ဒါပေမယ့် အဲဒါကိုပဲ ကိုယ်တွေက အရသာခံ ကြည့်နေတာ မဟုတ်လား။


နောက် ရည်းစားထားလို့ လက်ကလေး မကိုင်ရ ပုခုံးလေးမဖက်ရ။ နောက်ဆုံး ပန်းခြံတွေမှာ ချိန်းတွေ့လို့ kiss ကလေးမှ ပေးမရရင် ကောင်ကလေးတွေက ကောင်မလေးအပေါ် ဖီလ်းမလာတော့ပဲ နောက်တစ်ယောက်တွဲချင်လာတယ်။ ဒါမှမဟုတ်လဲ မရရအောင် ကြိုးစားလာတယ်။

ဒါပေမယ့် ကောင်မလေးတွေ ဘက်ကိုရော ပြန်ကြည့်ဖူးလား။ အချို့က ချစ်လွန်းတော့ စိတ်ငြိုငြင်မှာ စိုးလို့ ခွင့်ပြုပေးလိုက်ကြတယ်။ အဲလို သူ့ရဲ့ ခွင့်ပြုချက်အပေါ် ကိုယ့်ဘက်ကရော နားလည် တန်ဖိုးထားတတ်ပါသလား။

ပန်းတစ်ပွင့်ရဲ့ တန်ဖိုးက ခူးသူနဲ့သာ ပိုဆိုင်ပါတယ်။ ကိုယ်ခူးတဲ့ပန်းကို ညိုးနွမ်းသည်ထိ ပန်ဆင်လိုက်ရင် ခြောက်သွေ့သည်ထိ သိမ်းထားတတ်ရင် တန်ဖိုးမဲ့ ပန်းကလေးတွေ ကမ္ဘာပေါ်မှာ ပွင့်မလာတော့ပါဘူး။


ခြံခုန်စရှိတဲ့နွားက ထပ်ကျော်ချင်တယ်။ အစတစ်ခါ ရှိသွားရင် နောက်ထပ်ဆယ်ခါ ၀န်မလေးတော့ဘူး ဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်။ ကောင်မလေး တစ်ယောက်ဟာ ကောင်လေးတစ်ယောက်နဲ့ မှားခဲ့မယ်။ ဒါကို ကောင်ကလေးက မယူပဲ ထားသွားမယ်။ ကောင်မလေးဟာ နောက်တစ်ယောက်နဲ့ ထပ်တွဲဖြစ်မယ်။ အဲအချိန်မှာ အသစ် ကောင်ကလေးကလဲ ဘ၀ကို ထပ်ယူတယ် ဆိုပါတော့။ ကောင်မလေးက အစရှိနေတော့ လွယ်နေလောက်မှာပါ။ ဒီလို ဖြစ်ပါများရင် အဲကောင်မလေးဟာ ပျက်စီးလာပီပဲ။


ဒီလို အခြေအနေမှာ ကောင်မလေးကို ၀ိုင်းပြီး အပြစ်တင်တတ်ကြတယ်။ အဖြေကို ပြန်ရှာလိုက်ရင် ကောင်ကလေးတွေ တန်ဖိုးမထား ဂရုမစိုက်တတ်ကြလို့ ဒီဘ၀ ရောက်လာကြတာလေ။ မွေးလာကထဲက ဒီဘ၀ရောက်ဖို့ ဗီဇတော့ မပါလာလောက်ပါဘူး။

ပြောချင်တာက ကောင်မလေးတွေကို အပြစ်တင် နေဖို့ထက် ကိုယ်ကိုယ်တိုင်က တန်ဖိုးထားတတ်ပါစေ။ အချစ်နယ် မတော်တဆ ကျွံသွားရင်လဲ တာဝန်ယူလိုက်ပါ။ ဒါဆို တန်ဖိုးမဲ့ မိန်းကလေးတွေ လမ်းဘေးမှာ တွေ့မလာရပါဘူး။ တန်ဖိုးထားသူ မဲ့နေတဲ့ ပန်းကလေးတွေ နေရာတိုင်းမှာ ကြွေနေရတာ ကိုယ်ခြင်းစာ နားလည်ကြစမ်းပါ......

ကောင်မလေးတွေကလဲ တန်ဖိုးထား လိုသူရှေ့မှာ တန်ဖိုးအမြင့်ဆုံး နေပေးလိုက်စမ်းပါ။ ကျနော် ရေးတဲ့စာသားတွေ ကောင်မလေးဘက်က ရေးပေးသလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မှားလား မှန်လား နှလုံးသားနဲ့ ကိုယ်တိုင် ပြန်ခံစားပေးပါ။

ကျနော်တို့ ပတ်ဝန်းကျင်မှာ ရောင်စုံပန်းကလေးတွေ ပွင့်နေပါတယ်။ ဒါပေမယ့် အဲ့ဒီ ပန်းကလေးတွေကို ကျတို့တွေ တန်ဖိုးထား ဂရုစိုက်မှာသာ သူတို့လေးတွေ လှပစွာ ပွင့်ဝေနိုင်မှာပါ...

နှလုံးသားနဲ့ နားလည်ခံစားတတ်ပါစေ.....

နည်းနည်းဖတ် များများတွေး

Credit to original

No comments

Powered by Blogger.