ဥပေက္ခာပြု ခံရပါများလာတဲ့ မိန်းခလေး
သင့်ဘက်က ဖုန်းခေါ် ခဲ့ရင် အသက်မပါတဲ့ လေသံနဲ့ ပြန်ပြောလိမ့်မယ်...
ဖုန်းမခေါ်ဘဲ ပစ်ထားခဲ့ရင်လည်း အရင်လို ဝမ်းနည်းပြနေမှာ မဟုတ်တော့ဘူး။ နေတတ်အောင် နေဖို့ပဲ သူရွေးချယ် လိုက်လိမ့်မယ်။
သင့်ဘက်က တွေ့ဖို့ချိန်းခဲ့ရင် ရေခဲရိုက် မျက်နှာထားနဲ့ ရောက်လာလိမ့်မယ်...
မတွေ့ချင်လို့ ရောက်မလာခဲ့ရင်လည်း မျက်နှာငယ်လေးနဲ့ မျှော်နေမှာမဟုတ်တော့ဘူး။ သူ့ဘဝသူ ပျော်ပျော်နေဖို့ပဲ တွေးထားလိမ့်မယ်။
သင့်ဘက်က လှတယ်လို့ ချီးကျူးခဲ့ရင် ကျေးဇူးပါ တစ်ခွန်းတည်းနဲ့ အေးစက်ပြလိမ့်မယ်...
ဂရုမစိုက်ဘဲ လစ်လျူ ရှုထားခဲ့ရင်လည်း သိတတ်ဖို့ ပွစိပွစိနဲ့ ပြောပြနေမှာ မဟုတ်တော့ဘူး။ သူ့ကိုယ်သူ Take care လုပ်ရင်း တစ်နေ့တစ်ခြား ပိုလှပအောင်ပဲ ဖန်တီးပြလိမ့်မယ်။
သင့်ဘက်က ဘဝရှေ့ရေး ပြောပြလာခဲ့ရင် ခေါင်းလေးညိတ် နားထောင်ပေးလိမ့်မယ်...
မသိချင်ယောင်ဆောင် ရေစုန်မျှော နေခဲ့ရင်လည်း အားမလိုအားမရနဲ့ လိုက်ပြောနေမှာ မဟုတ်တော့ဘူး။ တစ်ယောက်တည်း ရပ်တည်ပြဖို့ပဲ ကြိုးစားလိမ့်မယ်။
သင့်ဘက်က လမ်းခွဲဖို့ တောင်းဆိုလာခဲ့ရင် မဲ့ပြုံးလေး တစ်ချက်နဲ့ လက်ခံပေးလိမ့်မယ်...
အကယ်၍ အချိန်လွန်မှ ပြန်တောင်းပန်ခဲ့ရင်လည်း နူးညံ့တဲ့ နှလုံးသားနဲ့ ခွင့်လွှတ်ပေးမှာ မဟုတ်တော့ဘူး။ သင့်ကို သူ့ဘဝထဲကနေ အပြီးတိုင်ထုတ် Black Lists လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်လိမ့်မယ်လေ။
credit #s_m
Post a Comment