Header Ads

ချစ်သူသက်တမ်းကြာလာတာနဲ့ မချစ်တော့မှာကြောက်တဲ့ စိုးရိမ်စိတ် မိန်းကလေးတိုင်းမှာရှိတယ်♡


ချစ်သူသက်တမ်း ကြာလာတာနဲ့ မချစ်တော့မှာ ကြောက်တဲ့ စိုးရိမ်စိတ် မိန်းကလေးတိုင်းမှာ ရှိတယ်♡

ရန်ဖြစ်တိုင်း ဖုန်းမဆက်နဲ့ပြောပေမယ့် ဖုန်းကိုရှေ့ချပီး ဖုန်းလာဖို့ ဆုတောင်းနေရတဲ့အချိန် မိန်းကလေးတိုင်းမှာ ရှိတယ်♡

ငါနဲ့နင် ပြတ်ပီလို့ စိတ်ဆိုးပီးပြောပေမယ့် တကယ်များ ပြတ်သွားမလားဆိုတဲ့ ကြောက်စိတ် မိန်းကလေးတိုင်းခံစားဖူးတယ်♡

သူနဲ့တွေ့တိုင်း သူလှတယ်လို့ပြောဖူးတဲ့ အကျီ အပြင်အဆင် ပြင်ဆင်ပီး သူဆီက လှတယ်လို့ပြောတာ ကြားချင်တဲစိတ် မိန်းကလေးတိုင်းမှာ ရှိတယ်♡

မိဘတွေရှေ့မှာ ကိုယ့်ချစ်သူနဲ့ သဘောတူအောင် သူရဲ့ကောင်းကြောင်းတွေဘဲ ရွေးပြောတတ်ကြတယ် မိန်းကလေးတိုင်း♡

စတွေ့တုန်းက အကြောင်းအရာတွေကို သူမှတ်ထားတိုင်း ကိုယ့်ချစ်သူကို ပိုပို ချစ်တဲ့စိတ် မိန်းကလေးတိုင်းဖြစ်တယ်♡

သူနားမှာ ကိုယ့်ထက်ချော ထက်မြတ်တဲ့ မိန်းကလေးတွေ ရှိရင် သူမသိအောင် အဲ့မိန်းကလေးတွေနဲ့ ယှဉ်နိုင်အောင် ကြိုးစားတဲ့စိတ် မိန်းကလေးတိုင်းရှိတယ်♡

ဘယ်လိုပုံစံနဲ့ လက်ထပ်ချင်တယ်ပြောပြော သူတတ်နိုင်တဲ့ အနေထားနဲ့ လုပ်ပေးမယ်လို့ပြောတိုင်း ကျေနပ်ပီတိဖြစ်တဲ့စိတ် မိန်းကလေးတိုင်းမှာ ရှိတယ်♡

သူ့မိဘတွေ သဘောကျအောင် အိမ်မှာ ဘာမှမလုပ်ရလည်း သူ့အိမ်သွားလည်တိုင်း ဟင်းချက်ကျွေးပီး အမှတ်ယူချင်တဲ့စိတ် မိန်းကလေးတိုင်းမှာ ရှိတယ်♡

မရှိဘူး မယုံဘူး မပြောပါနဲ့♡

တကယ်ချစ်တဲ့ မိန်းကလေးတိုင်း အဲ့လိုချည်းဘဲ♡

အဲ့လို ချစ်သူရထားရင်လည်း လက်လွှတ်မခံနဲ့နော်...♡

credit - Khin Yadanar Nwe

No comments

Powered by Blogger.