မကြာခင်လက်ထပ်တော့မယ်ဆိုပီး ပရိသတ်ကို အသိပေးလိုက်တဲ့ Dj Push
Dj Push လို့ လူသိများတဲ့ ထိုင်းမင်းသားချော Push Putticha ကတော့ ချောမောတဲ့ ရုပ်ရည် ပါးချိုင့်လှလှလေးတို့ နဲ့ မိန်းကလေး ပရိသတ်တွေကို ဖမ်းစားထားတဲ့ မင်းသားပါ။ ထိုင်းမှာတင် မဟုတ်ပဲ တခြား အာရှနိုင်ငံတွေမှာလည်း သူ့ကို သဲသဲလှုပ် အားပေးတဲ့ မိန်းကလေး ပရိသတ်တွေ အများကြီးပါ။
Ugly Duckling: Perfect Match ၊ I Wanna Be Sup’tar ၊Handsome Cowboy ..အစရှိတဲ့ ဇာတ်ကားတွေကတော့ သူ့ရဲ့ နာမည်ကြီး ဇာတ်ကားတွေပါ။ မိန်းကလေးပရိသတ်တွေ ၀ိုင်းဝိုင်းလည်နေပေမယ့် သူ့မှာချစ်သူရှိကြောင်း ပရိသတ်တွေကို အသိပေးပီး official တွဲခဲ့သူပါ။
Dj Push ကတော့ အသက် (၃၁)နှစ်ဖြစ်ပြီး သူ့ရဲ့ ချစ်သူကတော့ မင်းသမီး Jooy Warattaya ကတော့ (၃၄) ဖြစ် တာကြောင့် “မနဲ့မောင်.” စုံတွဲလို့ ပြောလို့ရပါတယ်။ (၂၀၁၈)ကျရင် လက်ထပ်တော့မယ်လို့ သတင်းတွေ အစောကြီး တည်းက ထွက်နေခဲ့တဲ့ သူတို့စုံတွဲရဲ့ မင်္ဂလာသတင်းကိုတော့ ဒီတစ်ခါမှာ Dj Push ကိုယ်တိုင် အတည်ပြု ပေးလိုက်ပါ ပြီ။
(၂၀၁၈) နိုဝင်ဘာကျရင် သူ့ချစ်ရတဲ့ ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မယ်လို့ Dj Push က ပရိသတ်တွေကို အသိပေး လိုက်ပါပြီ ။နိုဝင်ဘာလထဲမှာ လက်ထပ်မှာ ဖြစ်ပြီး ရက်အတိအကျ ကိုတော့ သူလည်း မသိသေး ဘူးလို့ ပြောခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ ဘန်ကောက်မြို့က ဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီး ၊ကြိုတင်ဘိုကင် တင်ထားပြီး ဖြစ်ကြောင်း၊ pre-wedding ပုံတွေတော့ မရိုက်ရသေးဘူး လို့ ပြောခဲ့ပါတယ်။ မင်္ဂလာဝတ်စုံ တွေအတွက် ကတော့ ဆွေးနွေးနေကြဆဲ ဖြစ်ပြီး၊ မရွေးရသေးဘူး လို့ ပြောခဲ့ပါတယ်။
from thai news











Post a Comment