အရပ်ရှည်ကောင်လေးနဲ့ အရပ်ပုကောင်မလေးတို့ စုံတွဲဟာ အကောင်းဆုံးလက်တွဲဖော်ပါ 😍
သမီးရည်းစား စုံတွဲတွေ ထဲမှာ ဆိုရင် အရပ်ပုပု ကောင်မလေးနဲ့ အရပ်ရှည်ရှည် ကောင်လေးတို့ အတွဲဟာ အလိုက်ဖက်ဆုံး စုံတွဲတွေ ဖြစ်ကြောင်း သုတေသနပြု လေ့လာသူတွေက ထုတ်ပြန်ထားပါတယ်။ တောင်ကိုးရီးယား ကွန်ကက် တက္ကသိုလ်က စစ်တမ်းကောက် သုတေသနပြုသူ အဖွဲ့အစည်းရဲ့ လေ့လာ မှတ်တမ်းတွေ စုံတွဲပေါင်း ၇ ထောင် ကျော်ရဲ့ အချက်အလက်တွေနဲ့ ချစ်ရေးချစ်ရာ ကိစ္စရပ်တွေ အကြောင်း စာရင်းပြုစုမှုမှာ ဆိုရင် အဆိုပါ ရလာဒ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အရပ် ရှည်လွန်းတဲ့ ချစ်သူ ကောင်လေးနဲ့ အရပ်ပုလွန်းတဲ့ ချစ်သူ မိန်းကလေးတို့ တွဲမိကြတဲ့ အချစ်ရေး မှာဆိုရင် သာမန်ချစ်သူ စုံတွဲတွေထက် ပိုမို ပျော်ရွှင်မှုတွေ ခံစားရတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အိမ်ထောင်သည် စုံတွဲတွေထဲမှာ ဆိုရင်လည်း အရပ် ကွာဟလွန်းတဲ့ စုံတွဲတွေမှာလည်း အိမ်ထောင်ရေး သာယာမှု ပိုမို ရရှိကြတယ်လို့ ဆိုပါတယ်။ ဒေါက်တာ ကီတေးဆွန်းရဲ့ ပြောကြားချက်မှာ ဆိုရင် မိန်းကလေး တွေဟာ သူတို့တွေထက် ပိုမို အရပ် မြင့်မားလွန်းတဲ့ အမျိုးသားတွေကို ပိုမိုနှစ်သက် ခုံမင်ကြတယ်လို့ သိရကာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မှာလည်း ပိုမို အားကိုးတတ်ကြလေ့ ရှိတယ် လို့လည်း သိရပါတယ်။
ချစ်စရာကောင်းတဲ့ စုံတွဲတွေ အဖြစ်နဲ့ ပိုင်ဆိုင်ထားကြတာလည်း အိုင်တီ သဏ္ဍာန်ရှိ အရပ် ကွာခြားလွန်းတဲ့ စုံတွေဖြစ်တယ် လို့ လည်း ယေဘုယျအားဖြင့် တွေ့ရတတ်ပါတယ်။ များသောအားဖြင့် မိန်းကလေး တွေမှာ ဆိုရင် သူတို့နှစ်သက်ကြတဲ့ ယောက်ျားလေးတွေရဲ့ ပုံသဏ္ဍာန် ဟာ အရပ်အားဖြင့် သူတို့တွေထက် မြင့်တာကို ပိုမို စိတ်ဝင်တစား နှစ်သက်လေ့ ရှိကြပြီးတော့...
ချစ်သူ ကောင်လေးထားဖို့ အတွက် အရပ် ခပ်ရှည်ရှည်ရှိတဲ့ ပုံစံမျိုးကို စိတ်ကူး ယဉ်တတ်ကြလေ့ ရှိတယ်လို့ လည်း သိရပါတယ်။ အရပ်ပုတဲ့သူ၊ ရွယ်တူအရပ် သာမန် အရပ်လောက်သာ ရှိတဲ့ ယောက်ျားလေးတွေ ကိုတော့ မိန်းကလေးတွေက စိတ်ဝင်စား ခုံမင်မှု နည်းတတ်ကြတာလည်း ဖြစ်ပါတယ်။
credit မေ(ရွှေအင်းလေး)
Post a Comment