Header Ads

မြန်မာအိုင်ဒေါ season (III) သီချင်းဆို ပြိုင်ပွဲကို ယခုလ အတွင်း စတင်တော့မည်


အစီအစဉ်သစ်များ ထည့်သွင်း ထားတဲ့ မြန်မာအိုင်ဒေါ တတိယ ရာသီကို ယခု ဇန်နဝါရီလအတွင်း စတင်တော့မယ်လို့ အိုင်ဒေါတရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။





မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အံ့သြလောက်အောင် အားပေးမှု ရခဲ့တဲ့ ယင်း သီချင်းဆို ပြိုင်ပွဲများ ကျင်းပ လာတာဟာ ဒီတစ်ခါတော့ တတိယအကြိမ် ရောက်လာပြီ ဖြစ်ပါတယ်။

ဒီအကြိမ်မှာ အစီအစဉ်သစ် တွေ ထည့်သွင်း ထားပြီး မကြာခင် စတင်တော့မှာ ဖြစ်ကြောင်းကိုတော့ မြန်မာအိုင်ဒေါရဲ့ တရားဝင် ဖေ့စ်ဘွက် စာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။




"ယခု နှစ်သစ် JANUARY  2018 မှာ အားလုံး စောင့်မျော်နေတဲ့ မျိုးဆက်သစ် အဆိုတော်တွေ မွေးထုတ်ပေးနေသော Myanmar Idol ရဲ့ Season 3 ကြီး စတင်တော့ မှာ ဖြစ်ပါတယ်။ မိမိတို့ ကိုယ်စီရဲ့ အိမ်မက်ကို အကောင် အထည် ဖေါ်ဖို့ Myanmar Idol Season 3 က အားလုံးကို ကြိုဆို နေပါတယ်"




" မြို့ကြီး ၅ မြို့နဲ့ အခြားသော မြို့များမှာ Precasting , Auditions များ လာရောက် ကျင်းပ တော့မှာဖြစ်ပါတယ်။ အခြားသော အစီအစဉ် အသစ်များလည်း ပါဝင် နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အားလုံးလည်း ရင်ခုန် စိတ်လူပ်ရှား နေကြပါတယ်။ အားလုံးလည်း အဆင်သင့် ပြင်ဆင် အသင့်ဖြစ် နေပြီလို့ မျော်လင့်ပါတယ်" ဟု ရေးသား ဖော်ပြ ထားပါတယ်။




ပြိုင်ပွဲဝင်များ စတင် ဖိတ်ခေါ်မယ့် နေ့ရက် အတိကျ ကိုတော့ ရက်ပိုင်းအတွင်း ထုတ်ပြန် ပေးသွားတော့ မှာပဲ ဖြစ်ပါတယ်။ ဒီနှစ် အစီအစဉ် တင်ဆက်သူ ကတော့ ကျော်ထက်အောင်သာ ဖြစ်ပြီး ဒိုင်တွေကတော့ အပြောင်း အလဲ ဖြစ်အုံးမယ်လို့ ယူဆရ ပါတယ်။

Credit

No comments

Powered by Blogger.