Header Ads

ဒေါ်စိုးယုဝေ ဆီက နစ်နာကြေး ငွေကျပ် သိန်းငါးထောင် နှင့် တောင်းပန်ပေးရန် တောင်းဆိုလိုက်တဲ့ ရွှေအိမ်စည်


အလှမယ် ရွှေအိမ်စည်က သူမအပေါ် အသရေ ဖျက်မှု များကြောင့် နစ်နာ ခဲ့ရသည် ဟု ဆိုကာ ဒေါ်စိုးယုဝေဆီက နစ်နာကြေး သိန်းငါးထောင် တောင်းဆို လိုက်ကြောင်း သိရပါတယ်။



ပြီးခဲ့တဲ့နှစ်၂၀၁၇ အောက်တိုဘာလ ၁ ရက် နေ့က မယ်စကြဝဠာ မြန်မာ အဖွဲ့အစည်းက အလှမယ် ရွှေအိမ်စည်ကို အချက် ၅ ချက်နဲ့ အကြောင်းပြပြီး သရဖူ ရုတ်သိမ်း ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ပြန့်နှံ့သွားခဲ့ပြီး ရွှေအိမ်စည်က သူမ ဘက်က နစ်နာရသည် ဟု ဆိုကာ တရားစွဲ ဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။






" နိုဝင်ဘာ လဆန်း ကထည်းက စနစ်တကျ လမ်းကြောင်းမှန် အတိုင်း အကြောင်းကြား ထားပြီးနောက် တရား ဥပဒေနှင့် အညီ အရေးယူ အပြစ်ပေး ရတဲ့ အဆင့် အထိ မရောက်ခင် တစ်ဖက်ကလည်း လူကြီးလူကောင်း ဆန်ဆန် သိက္ခာ ရှိရှိ ပြန်လည် ဖြေရှင်း ပေးလိမ့်မယ် လို့ မျှော်လင့်ခဲ့ တာကြောင့် သိရှိလိုသူတွေ မေးလာရင်တောင် ထောက်ထားပြီး မဖြေကြားဘဲ နေခဲ့ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်က ပြန်လည်ဖြေရှင်းဖို့ ပျက်ကွက် နေတာ စောင့်ဆိုင်းဖို့ မဖြစ်နိုင်တော့တာကြောင့် ဒီနေ့ အခုလို ကြေငြာချက်ကို သတင်းစာမှာ တရားဝင် ဖော်ပြဖို့ ညွှန်ကြားလိုက် ရပြီ ဖြစ်ပါတယ်"





ဒေါ်စိုးယုဝေဘက် က ပြန်လည် တောင်းပန်မလား ဆိုတာကို စောင့်ဆိုင်း နေခဲ့ပြီး ဒီနေ့ မှာတော့ ပြန်လည် မတောင်းပန်တဲ့ အတွက် သတင်းစာမှာ ထည့်ပြီး နစ်နာကြေး တောင်းဆို ကြောင်း ကြေငြာ လိုက်တာ ဖြစ်တယ်လို့ ရွှေအိမ်စည်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ယနေ့ (ဇန်နဝါရီလ ၂ ရက်) က ဖော်ပြထားသည်။





ရရှိလာတဲ့ လျော်ကြေးများ ကိုလည်း ပရဟိတ အသင်းများမှာ လှူဒါန်း သွားမယ်လို့ ရွှေအိမ်စည်က ရေးသား ထားတာကို တွေ့ရပါတယ်။ ရွှေအိမ်စည် သရဖူ ရုတ်သိမ်း ခံရမှုဟာ ဖေ့စ်ဘွတ်မှာ အင်မတန် နာမည်ကြီးခဲ့ပါတယ်။

Credit
photo _ Shwe Eain Si Soe Yu Wai

No comments

Powered by Blogger.