"ညီလေး မသိသေးတဲ့ သူတို့ အကြောင်း"
ညီလေးရေ . . .
မိန်းကလေး ဘက်က မင်းကို ချစ်နေတာ သိသိကြီး နဲ့တော့ သူ့ကို မချေလိုက် ပါနဲ့ကွာ ။
မင်း လုံးဝ မလုပ်သင့် ပါဘူး။
မြန်မာပြည်မှာ မိန်းကလေး ဖြစ်လာရတဲ့ သူတို့ ဘဝက အချစ်ရေးမှာ တစ်ပန်း ရှုံးရပါတယ် ညီလေး ။
သူတို့ ချစ်တဲ့ သူကို '' ချစ်တယ် '' လို့ သူတို့ဘက် က စ ပြီး ပြောဖို့ မရဲကြဘူး ။
သူတို့ရဲ့ မိန်းကလေး သိက္ခာ ၊ သူတို့ရဲ့ မိန်းကလေး မာန ကို ထိခိုက်မှာ သိပ်ကြောက် ကြတာပေါ့။
ပိုပြီး အဆိုးဆုံး ကတော့ မိန်းမ နောက်ပိုး ဆိုပြီး မင်း သူ့ကို တန်ဖိုး မထား တော့မှာ အလေး မထားတော့ မှာ သိပ်ကြောက် ကြတာ။
.
ဒါပေမဲ့ ညီလေး . .
သူက မင်းကို ချစ်နေ တာလေ။
သူ့မှာ မင်းကို ချစ်ပိုင်ခွင့် လုံးဝ မရှိတော့ ဘူးလား ။
မင်းမှာ လွတ်လွတ် လပ်လပ် မဟုတ်ဘဲ relationship တစ်ခု ရှိနေရင် တော့ ထားလိုက် ပါတော့ ။
ဒါပေမဲ့ မင်းကလည်း single တစ်ယောက် ဖြစ်နေ ရင်တော့ သူ့မှာ မင်းကို ကြိုက်ပိုင်ခွင့် အပြည့် အဝ ရှိတယ်။
ညီလေးရေ . .
ဘယ်မိန်းကလေး တစ်ယောက်ကမှ ဘယ်တစ်စိမ်း ယောကျာင်္းလေး တစ်ယောက်ကို သူ့ဘက်က အောက်ကျ ခံပြီး cb မှာ စကား စ မပြောဘူး။
(သူငယ်ချင်းဆို တစ်မျိုးပေါ့)
မင်းကို သူ ဒီလို စ ပြောလာပြီ ဆိုရင် မင်း သိထား တော့လေ ။
သူ မင်း ကို သိပ်ကို ချစ်နေလို့ ပေါ့ကွာ။
မင်းကို ချစ်နေ လို့သာ မင်းရဲ့ ခပ်ပြတ်ပြတ် စကားသံတွေ ပြောချင် သလိုလို မပြောချင် သလိုလို ပြောနေတာ တွေကို သည်းခံပြီး မင်း ဆီကို လာနေတာပေါ့။
ဒါကို မင်း နားလည်သင့် တယ်။
ညီလေး . . .
မင်း သူ့ အကြောင်း ဘာမှ မသိတာတွေ ရှိသေးတယ် နော် ။
မင်း တင်ထားသမျှ မင်းရဲ့ ပုံလေးတွေ သူ့ gallery ထဲ မှာ အမြဲ ရှိတယ်။
မင်းရဲ့ wall ထဲကိုလည်း သူ နေ့တိုင်း ရောက်တယ် ။
မင်းရဲ့ post အောက်က နှုတ်ခမ်းနီမလေး တွေရဲ့ comment တွေကိုလည်း သူ တိတ်တိတ်လေး တစ်ယောက်ထဲ သဝန် ကြောင်နေ တတ်တယ်။
မင်းအတွက် ရည်ရွယ် ထားတဲ့ feel status တွေ ၊ share post တွေက သူ့ wall ထဲမှာ အပြည့် ။
သူ့ သူငယ်ချင်းတွေ သူ့ကို ငေါက်နေတဲ့ ကြားထဲက သူ မင်းကို စွဲလန်း နေရ ရှာတာ ပါကွာ ။
ဒါကို . . .
မင်းက သူ့ကို reply ပြန်ချင် သလိုလို မပြောချင် သလိုလို မလုပ်စမ်း ပါနဲ့ ။
ချက်ချင်း seen ပြပေး လိုက်ပါ။
အားနာ ပါးနာ ပြောနေ ရတာထက် စိတ်ပါ လက်ပါ ပြောကြည့် လိုက်ပါ။
တစ်ဖြည်းဖြည်းနဲ့ သူ့ စိတ်ထဲထိ မင်း . . နားလည် လာပါ လိမ့်မယ်။
ညီလေးရေ . . .
အခု ပြောနေ တာက မင်းကို ပြန်ချစ်ခိုင်း နေတာ မဟုတ်ဘူး နော် ။
မင်းမှာလည်း မင်း တိတ်တခိုး ချစ်နေ ရတဲ့ သူ ရှိမှာပဲ ။
ကိုကြီး နားလည် ပါတယ် ။
မင်း ကို အခု ပြောနေတာ သူ့ကို လေးစားဖို့ ။
မင်းကို ချ မပြရဲတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အချစ်တွေကို လေးစားဖို့ ပြောပြ နေတာ ။
ညီလေးရေ . .
မိန်းကလေး တွေ မှာ မိန်းကလေးတွေ မာန ဆိုတာ ရှိတယ် ။
ဒါတောင် မင်းကို တွယ်ကပ် နေရတာကို မင်းကို သိပ်ချစ်လို့ ဆိုတာ မင်း သိဖို့ ကောင်းတယ် ။
မင်း အဓိက လိုအပ်တာ သူတို့ရဲ့ စိတ်လေးကို နားလည်ပေးဖို့ပါပဲ။
မင်းရဲ့ကိုကြီး
Credit _ ခဲတံ


Post a Comment