Header Ads

ဇန်နဝါရီလ (၇) ရက်မှာ ကျင်းပမယ့် အပေါ်ဘောင်းဘီမဝတ်ရနေ့


ယခုရက် သတ္တပတ်အတွင်း လန်ဒန်မြို့က မြေအောက် ရထားတွေမှာ ဘောင်းဘီရှည်မပါတဲ့ ခရီးသည်တွေကို အံ့အားသင့်ဖွယ် တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ လန်ဒန်မြို့ရှိ အဖွဲ့အစည်းတစ်ခုက လူတွေကို အပျော်သဘောအနေနဲ့ အပေါ်ဘောင်းဘီ မဝတ်ဆင်ဘဲ မြေအောက်ရထားစီးဖို့ အကြံပေး တိုက်တွန်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။


ယခုလာမယ့် ဇန်နဝါရီ (၇) ရက်နေ့ဟာ တစ်ကမ္ဘာလုံးက လူတွေအတွက် အပေါ်ဘောင်းဘီ မဝတ်ဘဲ အများသုံးဘတ်စ်ကားနဲ့ ရထားတွေကို စီးဖို့ ဘောင်းဘီ မဝတ်ရနေ့ (၉) ကြိမ်မြောက်ပဲဖြစ်ပါတယ်။ နှစ်စဉ် နိုင်ငံပေါင်း (၂၅) နိုင်ငံက မြို့ပေါင်း (၆၀) ကျော် ပါဝင်ဆင်နွှဲကြတဲ့ ဒီပွဲမှာ ခန္ဓာကိုယ်အပေါ်ပိုင်းက ဝတ်စုံပြည့်ဝတ်ထားရပြီး ဘောင်းဘီရှည်တွေကိုတော့ ချွတ်ကာ အသင်းခေါင်းဆောင်ကို ပေးထားရပါတယ်။





ယမန်နှစ်က လန်ဒန်မြို့မှာ လူပေါင်း (၃၀၀) ကျော် ဒီပွဲမှာ ပါဝင်ခဲ့ကြပြီး ယခုနှစ်မှာလည်း ပါဝင်ဖို့ စာရင်းပေးထားသူဦးရေ (၁၀၀) ခန့်ရှိနေပြီလို့ သိရပါတယ်။ ယခုနှစ်မှာ ဘောင်းဘီမပါဘဲ (၁) နာရီခွဲခန့်ကြာအောင် မြေအောက်ရထားကို လှည့်ပတ်စီးနင်းကြမှာဖြစ်ပြီး ဒီလို အပေါ်ဘောင်းဘီမဝတ်တာဟာ ဥပဒေတဲ့ မညီတဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။ သူတို့နိုင်ငံရဲ့ လိင်မှုဆိုင်ရာ ရာဇဝတ်မှု ဥပဒေအရ လိင်အင်္ဂါကို ဖော်ထားမှသာ ရာဇဝတ်မှု မြောက်တာကြောင့်ပါ။



လိုတာထက်ပိုပြီး ချွတ်တဲ့ လူတွေကို ရထားပေါ်က ဆင်းစေပြီး ရဲလက်အပ်မှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ကြိုတင်သတိပေးထားပါတယ်။ ဒီဘောင်းဘီမပါဘဲ ရထားစီးတဲ့ အစီအစဉ်မှာ စည်းကမ်းတွေလည်း ရှိပါတယ်။ (၁) လိုလားစွာ အပေါ်ဘောင်းဘီ ချွတ်ရဲရမယ်။ (၂) ချွတ်ထားစဉ်လည်း မျက်နှာအမူအရာကို တည်ကြည်စွာထားရမယ် စတဲ့ (၂) ချက်ဖြစ်ပါတယ်။





နှစ်သက်ရာ အတွင်းခံဘောင်းဘီကို ဝတ်ဆင်နိုင်ပြီး ပိုလုံခြုံချင်ရင် အတွင်းခံနှစ်ထပ်လည်း ဝတ်နိုင်ပါသေးတယ်။ ကြိုးနဲ့ အတွင်းခံကိုတော့ ဝတ်ခွင့်မရှိပါဘူး။ လူတွေကို ရယ်မောပျော်ရွှင်စေဖို့ ရည်ရွယ်ချက်နဲ့သာ ဒီပွဲကို လုပ်တာဖြစ်တဲ့အတွက် ပါဝင်ဆင်နွှဲသူတွေဟာ စည်းကမ်းအားလုံးကို လိုက်နာကြဖို့ ပွဲစီစဉ်သူတွေက မေတ္တာရပ်ခံထားကြောင်းကိုလည်း သိရပါတယ်။


CrD:SM

No comments

Powered by Blogger.