" ကိုယ့်စိတ်ကိုကိုယ် မနှိပ်စက် ပါနဲ့ "
စိတ်မညစ် ရအောင် ဒီစာလေး ဖတ်ပါနော်....
ကိုယ့်ကို နှိပ်စက်နိုင် နေတဲ့ အတွေးတွေ မတွေးပါနဲ့
ကိုယ့်စိတ်ကို ပူလောင် စေတဲ့ အတွေးတွေ မတွေးပါနဲ့
ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ အကြောင်း မတွေးပါနဲ့
ကိုယ့်ကို မခေါ်ချင်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့
ကိုယ့်ကို ဂရုမစိုက် သူတွေ အကြောင်း မတွေးပါနဲ့
ကိုယ့် စေတနာကို နားမလည် သူတွေ အကြောင်း မတွေးပါနဲ့
ကိုယ့်အပေါ် သစ္စာ မရှိတဲ့ သူတွေ အကြောင်း မတွေးပါနဲ့
ကိုယ့်အပေါ် လိမ်ညာ လှည့်စား သူတွေ အကြောင်း မတွေးပါနဲ့
ကိုယ့်ကို မုန်းတဲ့ သူတွေ အကြောင်းလည်း မတွေးပါနဲ့
.
ကိုယ့်ကို မချစ် လို့ ကျောခိုင်း ထွက်သွား တဲ့ သူတစ်ယောက် အကြောင်း မတွေးပါနဲ့
"မတွေးပါနဲ့"
အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့
အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ " ကိုယ့်စိတ်ကို နှိပ်စက် နေလို့" ကိုယ့်မှာ စိတ် ချမ်းသာမှု ဆိုတာ ဘယ်တော့မှ ရနိုင်ဖို့ မလွယ်ပါဘူး
ဒါ့ကြောင့်
ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ။
နားလည် ပေးနိုင်မယ့် အတွေး သာ တွေးပါ။
မေတ္တာပွားနိုင်ဖို့ တွေးပါ။
ခွင့်လွှတ် နိုင်အောင် ကြိုးစားဖို့ တွေးပါ။
အမုန်း မပွားဖို့ပဲ တွေးပါ။
မေတ္တာ ထားခြင်းသည် အကောင်းဆုံး လက်စား ချေခြင်း ပါပဲ။
ကိုယ့် စိတ်ကို နှိပ်စက် နိုင်ဆုံးသူဟာ
ကိုယ် ကိုတိုင်သာ ဖြစ်ပါတယ်။
တစ်ခြားသူတွေ ဟာ ကိုယ့်စိတ်ထဲ ကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။
အဲ့ဒီ သူတွေကို ကိုယ့်စိတ် ထဲမှာ ထားပြီး ကိုယ့်ကိုယ် ကို ပြန်နှိပ်စက် နေတာ ပါပဲ။
ကိုယ့်အတွေး တွေနဲ့ ကိုယ့်ကိုယ် ကို ပြန်ပြီး မနှိပ်စက် ပါနဲ့တော့......
လူ့ဘဝ က တိုတောင်းလွန်း လှပါတယ်။
ခဏတာ ရလာတဲ့ လူ့ဘဝ လေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင် အေးချမ်းမှု ရအောင် ကိုယ်တိုင် လုပ်ယူ ဖန်တီးပြီး ပျော်ပျော် နေနိုင်ဖို့ အရေးကြီး ပါတယ်။
ငယ်ငယ် ကလည်း ငိုခဲ့ ပြီးပြီ
အရွယ်ရောက် တော့လည်း ငိုခဲ့ ပြီးပြီ
မနေ့ကလည်း ငိုခဲ့ ပြီးပြီ
ဒီနေ့လည်း ငိုခဲ့ပြီးပြီ
မနက်ဖြန်က စပြီး ရယ်နိုင်ဖို့ ကြိုးစားပါ
လူ့ဘဝ တိုတို လေးမှာ အမြဲတမ်း ငိုနေ ရရင် လူဖြစ်ရှုံး ပါတယ်။
" ကိုယ့်စိတ်ကို မနှိပ်စက် ပါနဲ့တော့ "
Credit _ ဒိုက်ဒိုက် (မြင်းခြံ)


Post a Comment