ကိုရီးယားဒရမ်မာ ဇာတ်ကားများထဲမှ ဟာသဆန်ဆန် အလွဲများ
1။ ရေခဲသေတ္တာပေါ်ကလက်
Gonlin ဇာတ်ကားထဲမှာ ဆိုရင်တော့ အဓိက သရုပ်ဆောင် ကင်မ်ရှင်းကနေ ရေခဲသေတ္တာကို မှော်ဆန်ဆန်ဖွင့်လိုက်တဲ့ အခန်းမှာ ရေခဲသေတ္တာပေါ်မှာ လက်တစ်ခု ရှိနေတာကို တွေ့ရမှာပါ။
2။ ဖြတ်သွားဖြတ်လာ
“The Moon That Embraces The Sun” ဇာတ်လမ်းတွဲထဲမှာ ဆိုရင်တော့ ဇာတ်လမ်း ရိုက်နေတုန်းမှာ ဖြတ်သွား ဖြတ်လာ တစ်ယောက်က ဖြတ်သွားခဲ့ပေမဲ့ သူက ရုပ်ရှင် ရိုက်နေတာကို သတိထားမိပြီး ဖြည်းဖြည်း သစ်ပင်နောက်ထဲကို ပြန်ဝင် သွားခဲ့ပါတယ်။
3။ လွဲနေတဲ့ အသက်ကယ်နည်းစနစ်
“Descendants Of The Sun” ဒရာမာထဲမှာတော့ Song Hye Kyoကို CPR နည်းနဲ့အသက်ကယ်တဲ့ အချိန်မှာ သူ့ရဲ့ CPR ပြုလုပ်နည်းက လူတစ်ယောက်ကို ကယ်ဖို့အတွက် အပေါ်နည်းနည်း ရောက်နေပါတယ်။
4။ အချိန်ခရီးသွား CCTV
“Dr.Jin” ဇာတ်ကားထဲမှာတော့ ရှေးခေတ်ကိုရီးယားတွေက လုံခြုံရေးအတွက် CCTV တောင် တပ်ဆင်အသုံးပြုနေနိုင်ကြပြီ နဲ့တူပါတယ်။
5။ ပြောင်းပြန်ဖြစ်နေတဲ့ ဟန်းဖုန်း
“Mr.Big” ဒရာမာထဲမှာတော့ သရုပ်ဆောင်က ဖုန်းကို ပြောင်းပြန် ပြောနေခဲ့တာပါ။
6။ ဆံပင်အရောင် ဆိုးထားသော ရှေးခေတ်လူသား
“The Moon That Embraces The Sun” လို့ခေါ်တဲ့ ကိုရီးယား ရာဇ၀င် ဇာတ်လမ်းတွဲ ထဲမှာတော့ Jung Il Woo ရဲ့ဆံပင်က အရောင်ဆိုးထားတာကို တွေ့ရမှာပါ။
Source: Koreaboo







Post a Comment