ကျွန်တော် . . သူ့ကို သိပ်ချစ်တယ်
ကျွန်တော် . . သူ့ကို သိပ်ချစ်တယ် ။
အရမ်းကို ချစ်တယ် ။
ဒါပေမဲ့ . .
သူ ပြန်ချစ်လာဖို့ မမျှော်လင့်တော့ဘူး။
စစ်မတိုက်ခင်က မြှားကုန် ခဲ့တာတော့ မဟုတ်ဘူး။
ရှုံးမှန်း သိလျက်နဲ့ တိုက်နေ ရတဲ့ ဒီ စစ်ပွဲကြီးကို
ဒီ့ထက်ပိုပြီး မခံစားချင် တော့လို့ပါ။
စဉ်းစားကြည့်ပါ။
ကိုယ့်ဘက်မှာ စိတ်ကလေး တစ်စက်မှ မရှိတဲ့သူကို ကျွန်တော့်ဘက် ပါအောင် ဆွဲခေါ်ဖို့ ဆိုတာ တွက်နည်း မရှိတဲ့ ပုစ္ဆာတစ်ပုဒ် ကို ဘာမှ နားမလည်ပဲ အဖြေထိုင် ထုတ်နေ ရသလိုပဲ။
"အချစ်စစ် ဆိုတာ ပေးဆပ်ခြင်း သက်သက်"တဲ့။
ဟင့်အင်း . . .
ကျွန်တော့် မျှော်လင့်ချက် လေးတွေကို မလိမ်ချင်ဘူး။
ကျွန်တော် သူ့ကို ပေးဆပ်နေတာ သူ ပြန်ချစ် လာမလား ဆိုတဲ့ စိတ်နဲ့ ခိုးခိုးပြီး မျှော်လင့် နေခဲ့တာ။
ဒါပေမဲ့ . .
အချစ် ဆိုတဲ့ ဒြပ်မရှိတဲ့ ကောင်က ခက်တော့ ခက်တယ်။
သိပ်ချစ်တတ် လွန်းတဲ့ သူကျ ဥပေက္ခာ အပြုခံရမှု တွေပဲ ကြုံစေတယ်။
ကျွန်တော် လွှတ်ချ ပစ်ချင်ပြီ ။
တစ်ဖက်သတ် ဆိုတဲ့ နာကျင်မှု အရှိန်ကြီး ကို ကျွန်တော်တစ်ယောက်ထဲ ဒီ့ထက်ပိုပြီး မခံစားချင် တော့ဘူး။ ကျွန်တော့် ရင်တွေ ပူနေခဲ့တာ ကြာပြီ။
နာကျင်မှု တစ်ပွေ့ တစ်ပိုက်နဲ့ ချစ်နေရတာ မတန်တော့ဘူး။
ကျွန်တော့် ဘက်မှာ သူ ရှိနေဖို့ လည်း မတောင်းဆို တော့ပါဘူး။
သူ့အတွက် ကျွန်တော့် ခံစားချက် တွေကို public ချပြနေလည်း သူ စောက်ဖက် လုပ်မှာ မဟုတ်ဘူး။
သူ့ကြောင့် ဖြစ်တည်လာတဲ့ ကျွန်တော့် အလွမ်းတွေကို ha ha အပေး ခံရမဲ့ status တွေ အဖြစ် ကျွန်တော် ပြောင်းပစ် လိုက်တာက နာကျင် ခံစား ရတာကို သက်သာ စေတယ်။
ဘာပဲဖြစ်ဖြစ် . . .
ရင်နာနာနဲ့ ကျေနပ် လိုက်ပါတယ် ။
ကျွန်တော် သူ့ကို ချစ်နေလို့ ရသေးတာကိုပဲ ကျွန်တော် ပျော်တယ်။
တစ်ဖက်သတ် ချစ်နေရလည်း ကျွန်တော့်အတွက် အဆင်ပြေ နေမယ်လို့ ယုံကြည်တယ်။
သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ အကုန်လုံး ကိုလည်း တစ်စစီ ဝဲလွှင့်လိုက် တော့မယ်။
သူ့အပြစ် မဟုတ်ပါဘူး။
သူချစ်တဲ့ သူကို သူ ကမ်းလင့် ပါစေ။
သူ မြတ်နိုးတဲ့ သူဆီ သူ ရွှက် လွှင့် ပါစေ ။
Credit _ ခဲတံ

Post a Comment