သွားတိုက်တဲ့ပုံနဲ့ ပတ်သတ်ပီး ဖြေရှင်းလိုက်တဲ့ G Fatt
စစချင်းတုန်းကတော့ စိတ်ဆိုးပြီး ရှက်တာပေါ့။ အဆိုတော် G Fatt ကတော့ သူ သွားတိုက်နေတဲ့ ဓာတ်ပုံတွေကို ပုံစံအမျိုးမျိုးနဲ့ စနောက်နေကြတဲ့အပေါ် သူ့ရင်ထဲက ဆန္ဒနဲ့အတူ ဓာတ်ပုံ စတင်ထွက်ပေါ်လာတဲ့ အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။
” အဲ့ဒီပုံက ဒီလိုပါဗျာ သူငယ်ချင်းတစ်ယောက်က Birthday Wish လုပ်လိုက်တာ သူက ကျွန်တော်နဲ့ ပေါင်းတာ ၆ နှစ်လောက်ရှိပြီ။ ကျွန်တော် ငယ်ငယ်တုန်းက ပုံပေါ့နော် အဲ့ဒါကို သူက လုပ်လိုက်တော့ အားလုံးအတွက်ကတော့ ပျော်စရာဖြစ်သွားတယ်။ ရီစရာဖြစ်ပါတယ် စိတ်အနှောက် အယှက်ဖြစ်တာတွေ Stress ဖြစ်တာတွေ မရှိပါဘူး..
စစချင်းတုန်းကတော့ လူငယ်ပဲဗျာ စိတ်ဆိုးပြီး ရှက်တာပေါ့၊ ဖုန်းဆက်ပြီးတော့ ဒီကောင့် ကိုပြောတာ မင်းက မလုပ်သင့်ဘူးကွာလို့ ပြောလိုက်တော့ သူကလည်း ချက်ချင်းပြန်ဖျက်ပါတယ် ဒါပေမယ့် မမှီလိုက် ပါဘူး။ ကျွန်တော် ကလည်း ဘာမှမဖြစ်ပါဘူး ကျွန်တော့်အတွက် ဟာသတစ်ခုလိုပါပဲ အားလုံးလည်း ပျော်နေကြတာပဲလေ” လို့ G Fatt ကပြောပါတယ်။
ပရိသတ်တွေရဲ့ ဟာသသဘောအနေနဲ့ စနောက်ခြင်းခံနေရတာကလည်း ကျွန်တော့်ကို မုန်းလို့ Troll တာလို့ မယူဆတဲ့အကြောင်း ပြောပြခဲ့ပါ သေးတယ်။
” တချို့ပရိသတ်ကျတော့လည်း ကျွန်တော် ဒီဟာကို Feel နေမလားပေါ့၊ မကျေမနပ်ဖြစ်နေမလားပေါ့ Troll တဲ့ လူတွေအပေါ်မှာ ရန်ရှာတာမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ စိတ်နေ စိတ်ခံစားချက်အရပေါ့နော်။ ဒါပေမယ့် ကျွန်တော် အဲ့ဒီလိုမဖြစ်စေချင်ပါဘူး။ သူတို့လည်း ကျွန်တော့်ကို မုန်းလို့ Troll တယ်လို့ မယူဆပါဘူး ဒါက ဟာသဖြစ်နေတာကိုး။
သူတို့နေရာကို သွားကြည့်ရင်လည်း ဒီလိုမျိုး အနုပညာရှင် တစ်ယောက်ရဲ့ ပုံကို ကျွန်တော်လည်း သာမန်ပရိသတ်တစ်ယောက်ဆိုရင် ဒီလိုမျိုးပုံတွေတက်လာတဲ့အခါ ကျွန်တော်လည်း နောက်ချင်မိမှာပဲ၊ အဲ့ဒါကိုတော့ ကိုယ်ချင်းစာပါတယ် အေးဆေးပါ” လို့ ဆိုပါတယ်။
သွားတိုက်နေတဲ့ ဓာတ်ပုံကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး စနောက်နေကြတဲ့ ဓာတ်ပုံတွေထဲကမှ G fatt အကြိုက်ဆုံးပုံကတော့ သွားတိုက်နေတယ် မအားသေးဘူး ဆိုတဲ့ ပုံလေးက မိုက်လည်းမိုက်တယ်၊ ရီလည်း ရီရတယ်လို့ ပြောပြခဲ့ပါတယ်။
Photo: G fatt and facebook
share from@duwun











Post a Comment