Header Ads

ငါနဲ့လက်ထပ်ဖို့ နင်ဟင်းချက်တော်စရာမလိုပါဘူး 💖


☀☀☀☀☀☀☀☀☀☀
ငါနဲ့ လက်ထပ်ဖို့ နင် ဟင်းချက်တော်စရာ မလိုပါဘူး။ ငါစားကောင်းပါ့မလား ဆိုတဲ့ စိတ်လေးနဲ့ ချက်ပေးရင် ရပါပြီ။

ငါနဲ့ လက်ထပ်ဖို့ နင်ရုပ်ရည် ချောမောနေဖို့ မလိုပါဘူး။ ငါကြည့်ကောင်းပါ့မလား ဆိုတဲ့စိတ်လေးနဲ့ ပြင်တတ်ဆင်တတ်ရင် ရပါပြီ။

ငါနဲ့ လက်ထပ်ဖို့ နင်ဘွဲ့တွေ အများကြီးရဖို့ မလိုပါဘူး။ ငါလက်ခံနိုင်လောက်တဲ့ ပညာအရည်အချင်း အသင့်အတင့်ရှိရင် ရပါပြီ။

ငါနဲ့ လက်ထပ်ဖို့ နင်အိမ်ထောင်မှုတွေ နိုင်နင်းစရာ မလိုပါဘူး။ ငါငြိုငြင်သွားမလား ဆိုတဲ့စိတ်နဲ့ ထိန်းတတ်သိမ်းတတ်ရင် ရပါပြီ။

ငါနဲ့ လက်ထပ်ဖို့ နင်ပိုက်ဆံတွေ ချမ်းသာနေစရာ မလိုပါဘူး။ ငါကြည်ဖြူပါ့မလား ဆိုတဲ့ စိတ်နဲ့ စီမံခန့်ခွဲ တတ်ရင် ရပါပြီ။

ငါနဲ့ လက်ထပ်ဖို့ နင်အောင်မြင်နေစရာ မလိုပါဘူး။ ငါကျရှုံးနေတဲ့ အချိန် သစ္စာရှိရှိနဲ့ ငါ့လက်ကို တွဲထားပေးရင်ရပါပြီ။

ငါနဲ့ လက်ထပ်ဖို့ နင့်ဆီကနေ ဘာမှ မလိုအပ်ပါဘူး။ နင်ဘာပဲလုပ်လုပ် ငါ့ကိုချစ်တဲ့စိတ် တစ်ခုထဲနဲ့ လုပ်ပေးရင် ရပါပြီ။

credit ဖန်အိမ်

No comments

Powered by Blogger.