Header Ads

လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်း အတူတူနေတယ်


" အ ခုခေတ်မှာ " အခုခေတ်မှာ လက်မထပ်တဲ့ သူတွေက လက်ထပ်ထားတဲ့ အတိုင်း အတူတူ နေတယ်. လက်ထပ်ထားတယ့် သူတွေက လက်ထပ် မထားသလိုပဲ ခွဲနေကြတယ်.

တိရစ္ဆာန်တွေက လူတွေလို အင်္ကျီ ဝတ်လာတယ်. လူတွေက တိရစ္ဆာန်တွေလို အသားတွေ ပေါ်လာကြတယ်.

ကလေးက လူကြီးလို ရင့်ကျက်လာတယ် (၁၈+) လူကြီးက ကလေးလို ငယ်မူပြန် ချင်ကြတယ် (နွားအို မြက်နုကြိုက်)

မိန်းကလေးက ယောကျာင်္းလေးလို မိုက်ရဲလာကြတယ်. ယောကျာင်္းလေးက မိန်းကလေးလို ခြောက်လာကြတယ်

ဆင်းရဲသားက ဂုဏ်အတွက် သူဌေးလို ဟန်ဆောင်လာကြတယ် သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်

တိတ်တိတ်ပုန်းက မယားကြီးထက် ပိုချစ်ပြလာကြတယ် မယားကြီးက စွန့်ပစ်ခံရမှာကြောက်လို့  အချိန်ပြည့် စိုးထိတ်နေကြရတယ်

သူဌေးတွေက မမြတ်ဘူးလို့ ညည်းပီး တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်..။ လခစားတွေက လာစာထုတ်ရင်ပျော်ပြီး လုံးပါးပါးလာကြတယ်.

တဖြည်းဖြည်း နားလည်လာတာက ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့ သိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့ အချိန်က အတူတူပါပဲ

ငါးရာတန် ဆေးလိပ်နဲ့ ငါးသိန်းတန် ဆေးလိပ် ကင်ဆာဖြစ်ပုံခြင်း အတူတူပဲ

ပေသုံးဆယ် ပတ်လည်အိမ်နဲ့  သုံးရာပတ်လည်အိမ် အထီးကျန်ရတာခြင်းက အတူတူပဲ

ရိုးရိုးတန်းမှ စီးတာနဲ့ BUSSINESS Class မှာစီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်း အတူတူပါပဲ

တစ်နေ့ သင်လည်း နားလည်လာလိမ့်မယ် ငါတို့ တကယ် လိုချင်နေတဲ့အရာတွေက တကယ်လိုအပ်နေတာလား..။

ဒါမှမဟုတ် ငါတို့  မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ တကယ်လိုအပ်ခဲ့တာလား

လိုချင်လျှင် ဆင်းရဲသည် မလိုချင်လျှင် ချမ်းသာသည် ဆိုတဲ့  စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ ရောင်းရဲတင်းတိမ်မှု ဆိုတာ လိုအပ်လာပါလိမ့်မယ်

သင် ဘယ်သူနဲ့ နေရတာပျော်လည်း ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါ

လူ့ အဖြစ်က ရခဲလှပါတယ် ဘဝခြေလှမ်း တစ်လှမ်းချင်းစီတိုင်းကို ချစ်တတ် မြတ်နိုးတတ်ပါစေ......။

Credit to.. မာယာများသောလောက

No comments

Powered by Blogger.