ဘာကြောင့် ရည်းစား ၂ယောက်အထက် ထားသင့်လည်း
လီရွန်တော်စတွိုင်း ပြောခဲ့တဲ့ စကား တစ်ခွန်း ရှိပါတယ်။
''တစ်ယောက်ထဲပဲ တစ်သက်လုံး ချစ်မယ် ဆိုတဲ့သူက ဘယ်အချိန် အရည်ပျော်မလဲ မသိတဲ့ ဖယောင်းတိုင်မီး တစ်ခုနဲ့ အမှောင်ထဲ သွားနေရသလိုပဲ '' တဲ့ ။
တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် ဆိုတဲ့ စကားကို ကျွန်တော် လက်မခံဘူး။
ဒီတစ်ယောက်က ကိုယ့်အပေါ် မကောင်းရင် ကိုယ့်အပေါ် အကောင်းဆုံး ပေးဆပ် နားလည် ပေးနိုင်တဲ့ နောက် တစ်ယောက်ကို ပြောင်းခွင့် ရှိတယ် ။ အဲ့လို ရွေးချယ် နိုင်ဖို့ နှစ်ယောက် အထက် ထား သင့်တယ်။
များများ ထားလေ ကိုယ်နဲ့ ဘဝ တစ်သက်လုံး အပေးအယူ မျှနိုင်မဲ့ လက်တွဲဖော် ကို များများ ရွေးချယ် နိုင်ခွင့်ပိုပိုရလေပဲ။
ပြီးတော့ " ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတယ် " ဆိုတဲ့ စကားလည်း ရှိတယ်။ အဲ့ဒီ့ တစ်ယောက်ထဲကို ချစ်ပြီး အသည်း ကွဲခံ နေလိုက်တာ ထက် စာရင် အခု ကတည်းက ရည်းစား များများ ထားပြီး အသည်းကို ခံနိုင်ရည် ရှိအောင် ကာကွယ်ထား ရမယ်။ ကြိုးပမ်းထား ရမယ် ။
တစ်ယောက်ထဲပဲ ချစ်သင့်တယ် လို့ ထင်တယ်ပေါ့ ။ ကိုယ်က အမှောင်တောထဲ သွားရမှာလေ။ ဖယောင်းတိုင် တစ်ချောင်းထဲ နဲ့တော့ မလုံလောက် သေးဘူး လေဗျာ ။နှစ်ချောင်း ၊သုံးချောင်း ၊လေး ငါး ဆယ်ချောင်း လောက် အပို ဆောင်သွားအုံး မှပေါ့။
ဟုတ်တယ် မလား...😂
Credit _ ခဲတံ
(အဆဲ ခံရန် အသင့် )
Post a Comment