Header Ads

2018 မှာ သီချင်းတွေ ပြန်ဆိုတော့မယ့် သဇင်


သရုပ်ဆောင် အဆိုတော် သဇင်ကတော့ ယခုနှစ် အတွင်းမှာ ပရိတ်သတ်တွေ အတွက် ဂီတပိုင်းမှာ အကောင်းဆုံး ကြိုးစားပြီး ပြန်လည် တင်ဆက်သွားတော့မယ် လို့ သိရှိရပါတယ်။


လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က နာမည်ကြီးခဲ့တဲ့ No အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သဇင်က အဆိုတော်ပိုင်း အောင်မြင်ရာကနေ သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ အနုပညာ အလုပ်တွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။


မနေ့ည (ဇန်နဝါရီလ ၆ ရက်) မှာ အနုပညာတွေ ပြန်လုပ်တော့မယ် လို့ ပရိတ်သတ်ကို အသိပေးလာတာ ဖြစ်ပါတယ်။ “သဇင်ရဲ့ ဒီနေ့မွေးနေ့မှာ chatbox က birthday wish ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်ရှင့် သဇင် 2018 မှာ ပရိသတ်အတွက် ဂီတပိုင်းမှာ အကောင်းဆုံး ကြိုစားမူတွေနဲ့ ပြန်ပြီး ပရိသတ်ကို တင်ဆက်ပါမယ်ရှင့်” လို့ ရေးသားထားပါတယ်။




သဇင်ဟာ အောင်မြင်မှုတွေ ရရှိခဲ့ပီး နောက်ပိုင်း မဖွယ်မရာ ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခြင်းနဲ့အတူ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတစ်ခုမှာ အနေများပြီး ခုနောက်ပိုင်း မြန်မာပြည်ကို ပြန်လာလေ့ရှိပါတယ်။




၂ဝ၁၆ ခုနှစ် ကတည်းက ဇာတ်ကားတွေမှာ ပြန်လည် ပါဝင်သရုပ်ဆောင်ပြီး သီချင်းတွေ ပြန်ဆိုနေတာ တွေ့ရပါတယ်။ ဒီနှစ်တော့ သီချင်းသစ်တွေ ပရိတ်သတ် ရှေ့ရောက်ဖို့ ကြိုးစားတော့မှာပါ။




Photos Thazin
share from pannpwint

No comments

Powered by Blogger.