ခွေးထက် ယုတ်ညံ့တဲ့ ယောက်ျား (၃) မျိုး
လောကမှာ ခွေးထက် ယုတ်ညံနေတဲ့ ယောက်ျား သုံးမျိုး ရှိတယ်။
1) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုကြည့်ပြီး အတင်းပြောတတ်တဲ့ ယောက်ျား
အရမ်း အောက်တန်းကျပါတယ်။ သင်သာ ယောက်ျားကောင်း တစ်ယောက်ဆိုရင် မိန်းမတစ်ယောက်ကို စကားနဲ့တောင် ရည်ရွယ်ပြီး နစ်နာအောင် လုပ်မှာ မဟုတ်ဘူး။
2) မိန်းမတစ်ယောက်ကို လက်ပါပြီး ရိုက်နှက်တတ်တဲ့ ယောက်ျား
အရမ်းရွံဖို့ ကောင်းပါတယ်။ ဒီမိန်းမနေရာမှာ ကိုယ်အစ်မ နှမကို တစ်ခြား တစ်ယောက်က ရိုက်ရင် လက်ခံနိုင်ပါမလား။ ကိုယ်ချင်းစာပါ။ မိန်းမတစ်ယောက်ကို လက်နဲ့ ရွယ်လိုက်တဲ့နေ့ဟာ သင်ကို ယောက်ျားတစ်ယောက်အဖြစ်က ယုတ်လျော့သွားစေတဲ့ နေ့ဆိုတာ အသေချာပါပဲ။
3) မိန်းမတစ်ယောက်ကို အခွင့်အရေးယူပီး တာဝန်မယူတတ်တဲ့ယောက်ျား
အရမ်း ယုတ်မာလွန်းပါတယ်။ ယောက်ျားကောင်း တစ်ယောက်ဟာ နှမချင်း စာနာတတ်တဲ့စိတ် ရှိရင် အခွင့်အရေး ဘယ်လောက်ပဲရရ ရှောင်တတ်ရတယ်။ ကိုယ့် တာဝန်မယူရဲတဲ့ ကိစ္စတစ်ခု ကျူးလွန်တော့မယ် ဆိုရင် ငါဟာ လူလား တိရစ္ဆာန်လားဆိုတာ သေချာစဉ်စားကြည့်ပါ။
ယောက်ျားတိုင်းဟာ တန်ဖိုးကိုယ်စီ ရှိကြတယ်။ ကိုယ်တန်ဖိုး ကိုယ်မချပါနဲ့ ကြိုက်သလောက် မိုက်လို့ရတယ် ဘယ်တော့မှ မယုတ်မာပါနဲ့။
credit #Kyat LynnKhatt
Post a Comment