မင်းသားချော ဂျွန်စောနဲ့ မင်းသမီးချော လုယီဖေးတို့ လမ်းခွဲပြတ်စဲ
ဂျွန်စောလို့ လူသိများတဲ့ နာမည်ကျော် တောင်ကိုရီးယား မင်းသား ဆောင်းဆောင်ဟွန်းနဲ့ တရုတ်မင်းသမီးချော လုယီဖေးတို့ ချစ်သူနှစ်ဦးဟာ လမ်းခွဲပြတ်စဲလိုက်ကြပြီ ဖြစ်ပါတယ်။ တရုတ် မီဒီယာတွေက ဖော်ပြထားတာကတော့ လုယီဖေးဘက်က လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသား ဆောင်းဆောင်ဟွန်းရဲ့ အေဂျင်စီဘက်ကလည်း “ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီ ဆိုတာ မှန်ပါတယ်။ အချိန်အတိအကျကတော့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့လည်း မသိပါဘူး။ ဆောင်းဆောင်ဟွန်းရော လုယီဖေးပါ အလုပ်တွေ ဆက်တိုက် မရပ်မနားလုပ်နေကြသူတွေပါ။
သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့လည်း အချိန်ကောင်းကောင်းမရကြပါဘူး။ ဒါကြောင့် ချစ်သူတို့ရဲ့ သဘောသဘာဝအတိုင်း တဖြည်းဖြည်းဝေးကွာသွားကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ကိုရီးယားတွေကို ပိတ်ပင်တားဆီးထားတာကြောင့် လမ်းခွဲလိုက်တာတော့ မဟုတ်ပါဘူး” လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၁၀ နှစ်ကျော် ကွာဟတဲ့ မင်းသား ဆောင်းဆောင်ဟွန်း နဲ့ လုယီဖေးတို့ စုံတွဲဟာ ၂၀၁၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ကိုရီးယား-တရုတ် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Third Way of Love မှာ စတင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
နှစ်နှစ်ကျော်ကြာ တည်တံ့ ခိုင်မြဲခဲ့တဲ့ သူတို့ရဲ့အချစ်ရေးကတော့ အခုဆိုရင် အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ တရုတ် မင်းသမီးလေး လုယီဖေးကတော့ လက်ရှိမှာ Disney ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ မူလန်ဇာတ်ကောင်နေရာမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ချောမောပြီး လိုက်ဖက်ညီလှတဲ့ စုံတွဲဖြစ်တာကြောင့် ပရိသတ်တွေက သဘောတူညီသလို ချစ်ခင်အားပေးရတဲ့ စုံတွဲတစ်တွဲ အခုလို ပြတ်စဲသွားတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ပရိသတ်တွေကရော သူတို့နှစ်ယောက်ကို သဘောတူထားကြတယ် မဟုတ်လား ?
Myat Su Nyein
Ref : allkpop
Post a Comment