Header Ads

အချစ်တွေပေးတိုင်း အချစ်တွေ ပြန်ရမယ်လို့ထင်ရင် မင်းမှားသွားမှာပေါ့


**ချစ်ခြင်းမေတ္တာ**

အချစ်တွေပေးတိုင်း အချစ်တွေ ပြန်ရမယ်လို့ ထင်သလား... ဒါဆို မင်းမှားသွားမှာပေါ့။

အဓိက က မင်းပေးနေတဲ့ အချစ်တွေ သူ့ဆီရောက်ရဲ့လား ဆိုတာ ပိုအရေးကြီးတယ်။ အချစ်က အသွားအပြန် မလိုပါဘူး။ မင်းသာ ချစ်နေလိုက် ချစ်ခြင်းမေတ္တာဆိုတာ စိတ်ချမ်းသာစရာ ချည်းပဲ။

မေတ္တာမှန်ရင် ရောင်ပြန်ဟပ်မယ် ဆိုတာ မင်းကို ပြန်ချစ်လိမ့်မယ် လို့ ဆိုလိုတာ မဟုတ်ဘူးနော်။

ဥပမာ မင်းကို ချစ်နေတဲ့လူ တစ်ယောက်အပေါ် မင်းအနေနဲ့ ရိုးရှင်းတဲ့မေတ္တာ ပြန်ထားပေးတာ မျိုးလောက်ပါပဲ။  မမျှော်လင့်နဲ့... မင်းချစ်ရတဲ့သူဆီက ဘာကိုမှ မမျှော်လင့်ပါနဲ့။

မင်းတို့ကြားမှာ မဖြစ်နိုင်တဲ့ စည်းတွေ ခြားနေခဲ့ရင် ပိုလို့တောင် မမျှော်လင့်ပါနဲ့။ အဲဒီ စည်းမှာပဲ ရပ်နေလိုက်ပါ။ ပြီးရင် မင်းလက်လှမ်းမီသလောက် ချစ်ပေါ့။ ဒါဆို မင်းအတွက် နာကျင်စရာ မရှိပါဘူး။

အချစ်ဆိုတာ ပူလောင်ရမယ့်အရာမှ မဟုတ်တာ ဘာလုပ်မှာလဲကွာ... မပိုင်ဆိုင်ရမယ့်အတူ ပူလောင်နေရမှာထက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ မင်းချစ်နိုင်သမျှ ချစ်ပါ။ မင်းဆုတောင်းတွေနဲ့ သူသာ ပျော်နေတယ် ဆိုရင် မင်းရဲ့ ချစ်ခြင်းမေတ္တာက ပြီးပြည့်စုံပါတယ်။

တကယ်လို့ မင်းပင်ပန်းလာပြီဆိုရင် ရပ်ပစ်လိုက်ပါ။ သူ့ကို အပြီးသတ် စွန့်လွှတ်လိုက်ပါ။ သူ့အတွက် မင်းပေးခဲ့တဲ့ အချစ်တွေ လုံလောက်ပြီ မဟုတ်လား။ ပြန်တွေးတိုင်း မင်းပေးခဲ့တဲ့ အချစ်က စစ်မှန်ခဲ့တယ် ဆိုရင် မင်းမှာ အထူးတလည် ၀မ်းနည်းနေစရာ အကြောင်း မရှိသလို မင်းကိုယ်တိုင်လည်း သူ့ကို စွန့်လွှတ်နိုင်သွားမှာပါ။

မင်းမရှိလည်း ဖြစ်နေတဲ့ လူတစ်ယောက်အတွက် မင်းအချစ်တွေကို ဒီထက်ပို အကုန်မခံပါနဲ့။ မင်းကို အရမ်းချစ်ပေးမယ့် သူနဲ့ မင်းဆုံရဦးမှာပါ။ အဲအချိန်ရောက်ရင် မင်းပိုလို့တောင် ချစ်တတ်လာလိမ့်မယ်။

ချစ်ခြင်းမေတ္တာဆိုတာ ဘယ်တော့မှ ပူလောင်တဲ့အရာ မဟုတ်ခဲ့ပါဘူး။ အတ္တတွေကြောင့်သာ အရောင်တွေ စွန်းကုန်တာပါ။ ဒါကြောင့် မင်းကိုတော့ ချစ်ခြင်းမေတ္တာက အေးချမ်းတဲ့အရာ ဆိုတာ သိစေချင်တယ်...

( ညီစေမင်း )

No comments

Powered by Blogger.