💖 အင်္ဂါ သားသမီးတို့၏အကြောင်း သိကောင်းစရာ 💖
💓💓💓💓💓💓💓💓
အင်္ဂါတွေဟာ အပြင်ပန်း သဏ္ဍန် တည်ငြိမ် အေးဆေးစွာနဲ့ နေတတ်ကြပေမဲ့ အင်မတန်မှ ဒေါသကြီးတဲ့ နေ့နာမ်တွေ ဖြစ်ကြတယ်။ မဟုတ်ရင် မခံချင်ကြဘူး။ ဒေါသဖြစ်ရင် အပြင်မှာ ပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ ရေရွတ် နေတတ်ကြတယ်။ လူတွေအပေါ် ဖော်ရွေစွာနဲ့ ခင်မင်တတ်ပါတယ်။ ဝတ္တရား ပျက်ကွက်မိရင်လည်း အပြန်ပြန် အလှန်လှန် တွေးပူ နေတတ်ကြတယ်။
မိသားစုတွေ အပေါ်မှာ ပျော်ရွှင်မှုတွေ ပေးချင်တဲ့ စိတ်တွေ ရှိကြတယ်။ တည်ငြိမ် အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့ တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင် နိုင်တတ်ကြတယ်။ အလုပ်လုပ်တဲ့ နေရာမှာ သူများအပေါ် ဦးဆောင်ချင်တဲ့စိတ် ရှိတယ်။ ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ ထင်မြင်တတ်ကြတာ အင်္ဂါ။ အကောင်းဆုံး ဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်။
အင်္ဂါတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အဝ ရှိတယ်။ တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွန်းတတ်တယ်။ သူများတွေ မြှောက်ပေးရင်တော့ သိပ်မကြိုက်ဘူး။ အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ အေးအေးဆေးဆေး နေတတ်ကြတာ အင်္ဂါပါ။ တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်း ပိုင်ဆိုင်ထားကြတယ်။
ကိုယ့်အပေါ်ကောင်းတဲ့ လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်သလောက်၊ ကို့အပေါ် မကောင်းတဲ့လူဆိုရင် တော့ တသက်လုံး ပြန်လှည့် မကြည့်တတ်ကြဘူး။
အင်္ဂါတွေဟာ တိရိစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်။ အိမ်မက် ထူးထူးဆန်းဆန်းတွေ မက်ရင် သူငယ်ချင်းတွေကို သို့မဟုတ် မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပီး ပြောပြချင်တတ်ကြတယ်။
ဝမ်းနည်းစရာ တစ်ခုခုနဲ့ ကြုံတဲ့အခါ မျက်ရည်လွယ်တတ်ကြတာ အင်္ဂါပါ။ တော်ရုံနဲ့ မမေ့တတ်ကြဘူး သို့ပေမဲ့ မေ့ပီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန် ပြန်စတတ်ကြတယ်။ သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ် အပြည့်အဝရှိတယ်။ အားနာတတ်တယ်။ စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်
အမှတ်တရတွေကိုတော့ တခုမကျန် မမေ့တတ်တာ အင်္ဂါပါပဲ။ သီချင်း အေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ တိုးတိုးတိတ်တိတ် နားကျပ်နဲ့ နားထောင်နေရတာတွေကို နှစ်သက်ကြတာ အင်္ဂါပါ *****
အင်္ဂါတွေဟာ အချစ်ရေးမှာတော့ တွေဝေနေတတ်ကြပါတယ်။ ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့
သံယောဇဉ်လည်း မပြတ်နိုင်ကြဘူး...
@Loveshortnotes



Post a Comment