Header Ads

🌼 ဗောက်ပျောက်စေမည့် သဘာဝဆေးနည်း 🌼


ဗောက်ထ၍ စိတ်ညစ်နေသူများ၊ ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ကိုယ်တိုင်လုပ် သဘာဝကျကျ ဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

(၁) ထောလပတ်ရွက် (၁၅) ရွက်

(၂) လက်ဖက်အစို (ထမင်းစားဇွန်း)၂ ဇွန်းခန့်

(၃) အုန်းဆီ ၅ ကျပ်သား

ဖော်စပ်နည်း

(၁) ထောလပတ်ရွက်နှင့် လက်ဖက်အစိုတို့ကို ရောစပ်၍ ညက်နေအောင် ထောင်းပါ။

(၂) ပြီးလျှင် ဖန်ပုလင်းထဲကို ထည့်ပါ။ အုန်းဆီကို လောင်းထည့်ပါ။

(၃) အဖုံးလုံအောင် ပိတ်၍ နှပ်ထားပါ။ ရေခဲသေတ္တာထဲလည်း ထည့်ထားနိုင်ပါသည်။

(၄) ၃ရက်ခန့် နှပ်ထားပြီးလျှင် ၄င်း ဗောက်ပျောက်ဆေးကို တစ်ဇွန်းခန့် ဦးရေပြားအနှံ့ တစ်ရက်ခြားစီခန့် ပုံမှန် လိမ်းပေးပါက ၂ ပတ်အတွင်း ဗောက်များ ပျောက်ကင်းသွားမည်။

ဆံပင်များလည်း သန်စွမ်းနက်မှောင် လာစေပါမည်။

သင့်မိတ်ဆွေများကိုလည်း မျှဝေပေးနိုင်ပါသည်။

ကိုးကား။ ။ စောနွဲ့နေဆိုင်(ပူတာအို)

No comments

Powered by Blogger.