ယောက်ျားလေးတွေ အိမ်ထောင်ပြုတဲ့အခါ ၀တဲ့မိန်းခလေးများကိုသာ ရွေးချယ်ပါ 💘
ယောက်ျားလေးများ အနေနဲ့ အိမ်ထောင် ပြုတဲ့အခါ ဝတဲ့ မိန်းကလေးများ ကိုသာ အိမ်ထောင်ဖက် အနေဖြင့် ရွေးချယ် သင့်ပါသည်။
မနက် အိပ်ရာနိုးတာနဲ့ ပိန်သော မိန်းကလေးများ အလှအပ ပြင်ဆင်ချိန်မှာ ဖက်တီးမ လေးများဟာ မနက်စာစားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဈေးဝယ်ရာမှာ ငပိန်မတွေဟာ ကိုယ်အလေးချိန် ထိန်းဖို့ ဝယ်ယူရပီး ဖက်တီးမ လေးများကတော့ စားကောင်းမယ့် အရာများကိုသာ ဝယ်ယူပါတယ်။
ငပိန်မ များသည် အလှအပ ပစ္စည်းများ ဝယ်ယူရန် ဈေးဖိုး ချွေတာ နေချိန်တွင် ဖက်တီးမလေးများသည် သားငါး အစုံပါရန် ဝယ်ယူနေပါတယ်။ ထို့ကြောင့် ငပိန်မ လေးများအား ယောက်ျားလေးများ အနေဖြင့် ပေါင်းသင်းပါက အစား ဆင်းရဲခြင်းကို ခံစားရပါမည်။
ဖက်တီးမလေးများအား လက်ထပ် ပေါင်းသင်းခြင်းဖြင့် စားကောင်း သောက်ဖွယ်များ စားရနိုင်ပါတယ်။ ထို့ပြင် ငပိန်မလေးများအတွက် အဝတ်အစား နောက်ဆုံးပေါ် ခဏခဏ ထွက်ရှိသည့်အပြင် ငပိန်မလေးများရဲ့ ဆိုဒ်ကိုလည်း မှတ်သား ဝယ်ယူပေးရသဖြင့် ပင်ပန်းဆင်းရဲခြင်းကို ခံစားရနိုင်ပါတယ်။
ဖက်တီးမလေးများအတွက် အဝတ်အစား ဝယ်ရာတွင် နောက်ဆုံးပေါ်များ၌ ဆိုဒ်ကြီးထွက်ရှိခြင်း နည်းပါးခြင်းအပြင် ဝယ်ယူရာတွင် ဆိုဒ်မှတ်သားစရာ မလိုပဲ အကြီးဆုံးဆိုဒ် ဝယ်ယူပေးရသဖြင့် သက်သာခြင်း ချမ်းသာခြင်းအကျိုး ခံစားရနိုင်ပါတယ်။
ဖက်တီးမလေးများ၏ ကောင်းကျိုး
´´´´´´´´´´´´´´´´´´´´´´´´´
မြန်မာနိုင်ငံသည် ရာသီဥတု သုံးမျိုးရှိပြီး မိုးရာသီ နှင့် ဆောင်းရာသီ တို့တွင် ဖက်မတီးလေးများ၏ ရင်ခွင်သည် အနွေးထွေးဆုံး ဖြစ်ပါသည်။
မျိုးဆက်အတွက်ကောင်းကျိုးး
´´´´´´´´´´´´´´´´´´´´´
ရင်သွေးများအတွက် မိခင်နို့ရည် ဖူလုံသည့်အပြင် အလှအပအား မိမိအတွက်ပါ ရင်သွေးများအား ပိုမိုပြင်ဆင် ပေးသောကြောင့် ရင်သွေးများသည် အစဉ် လှပဖွံဖြိုး နေတတ်ပါသည်။
သစ္စာရှိခြင်းနှင့် ပေါ်လွင်ခြင်း
´´´´´´´´´´´´´´´´´´´´
ဖက်တီးမလေးများသည် နောက်ထပ်ယူမည့်သူ မရှိခြင်းကြောင့် ယောက်ျားများအပေါ် အလိုလိုက် အကြိုက်ဆောင်သည့်အပြင် ဖောက်ပြန်ရန် အလွန် နည်းပါးလေသည်။ ဖက်တီးမလေးများဖြင့် တွဲသွားပါက ယောက်ျားလေးများသည် ပေါ်လွင်ထင်ရှား လှပနေပါသည်။ ဖက်တီးမလေးများအား လက်ထပ်ခြင်းဖြင့် လှပသော ဘဝများ ပိုင်ဆိုင်ကြပါစို့ 😁
credit : orginal



Post a Comment