Header Ads

💖 ဗုဒ္ဓဟူး သားသမီးတို့၏အကြောင်း သိကောင်းစရာ 💖


💓💓💓💓💓💓💓💓
ဗုဒ္ဓဟူး သားသမီးများဟာ အေးဆေးစွာနဲ့ နေတတ်တဲ့ နေ့နာမ်များပဲ ဖြစ်တယ်။ အပြင်မှာ အေးသလောက် အပေါင်းအသင်းတွေနဲ့ တွေ့ရင်တော့ ပျော်ပျော် နေတတ်တယ်။ စကားချိုချိုနဲ့ အတည်ပေါက် စတတ်နောက်တတ်တယ်။

ဗုဒ္ဓဟူးများဟာ ကိုယ်လုပ်တဲ့ အလုပ် တစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ဖြစ်အောင်ကို ကြိုးစားပီး လုပ်တတ်တာ ဗုဒ္ဓဟူးပါ။ ကိုယ်တကယ် ဝါသနာပါတဲ့ အရာကိုလုပ်ရင်လည်း အောင်မြင်တတ်သလောက် စိတ်မပါတဲ့ အရာဆိုရင်တော့ အောက်ဆုံးထိ လက်လျော့ထားတတ်တယ်။

အလုပ်လုပ်တဲ့ နေရာမှာ အင်မတန်မှ စိတ်ကူးညဏ် ကောင်းတယ်။ ကိုယ်ဖြစ်ချင်တာကို ဘယ်တော့မှ လက်မလျော့တတ်တာ ဗုဒ္ဓဟူးပါ။ ဗုဒ္ဓဟူးများဟာ မာနကို သိပ်ပီး အလေးမထားတတ်ဘူး။ စိတ်ဆိုးအောင် လုပ်ပီးရင်လည်း ပြန်ချော့တတ်တာ ဗုဒ္ဓဟူး။

သူငယ်ချင်းတွေ ကြားထဲမှာ အချစ်ခံချင်ကြတယ်။ သူ့အပေါ် အလေးထားတဲ့ သူဆိုရင် သူဟာ အရမ်းကောင်းတယ်။ စကားချိုချိုလည်း ပြောတတ်သလို မျက်နှာ အနေအထား ပွင့်လင်းတယ်။ တခါတလေ လူကြီးဆန်ဆန်နဲ့ နေတတ်သလို၊ တခါတလေ ကလေးလေးဆန်ဆန်နဲ့ အတည်ပေါက် စနောက်တတ်တယ်။

မိသားစုထဲမှာ ကိုယ့်ကို ချီးမွန်းတာကို ခံချင်တယ်။ ကိုယ့်ထက် အကြီးဖြစ်စေ အငယ်ဖြစ်စေ ကိုယ့်ထက်ဂရုစိုက်ပေးပီး ကိုယ့်ကို ပစ်ထားကြရင် ဝမ်းနည်းလွယ်တတ်တာ ဗုဒ္ဓဟူး။ သို့ပေမဲ့ မိသားစုကို အရမ်းချစ်တယ်။


ဗုဒ္ဓဟူးတွေဟာ စိတ်ကူးသစ် အမြင်သစ်နဲ့ မိတ်ဆွေ အသစ်တွေကိုလည်း ရှာဖွေလေ့ရှိပါတယ်။ သို့ပေမဲ့ အဟောင်းကို မေ့လားဆိုတော့ အဟောင်းတွေကိုလည်း မမေ့တတ်ပါဘူး။ ကိုယ့်အပေါ် ကောင်းတဲ့သူဘက်ကို ပိုပီး အလေးထားဆက်ဆံတယ်။

ဗုဒ္ဓဟူးတွေဟာ ကိုယ့်ကို ယုံအောင်လာပြောရင်လည်း အယုံလွယ်တတ်တယ်။ ဗုဒ္ဓဟူးများဟာ ဒေါသဖြစ်ရင်လည်း မျက်ရည်တွေ ပေါက်ပေါက်ကျတယ်။ ဝမ်းနည်းမှုဖြစ်စေ ဒေါသဖြစ်စေ ဖြစ်လာရင်လည်း စိတ်ထဲမှာ အကြာကြီး အစွဲမထားတတ်တာ ဗုဒ္ဓဟူးပါ။


ဗုဒ္ဓဟူးများဟာ အားနေရင် ခင်မင်ရတဲ့ သူတွေကို ဟာသ ပြောရတာတွေ သီချင်း နားထောင်တာတို့ သို့မဟုတ် game တွေ ဆော့ရတာကို ဝါသနာပါတယ်။ ကိုယ်တကယ် ချစ်ရတဲ့သူနဲ့ ဝေးနေရင် သူက မလာရင် ကိုယ်က သူ့ဆီကို အရောက်သွားချင်တတ်ကြတဲ့ စိတ်ထား ဗုဒ္ဓဟူးမှာ ရှိတယ်။

ဗုဒ္ဓဟူးတွေရဲ့ အချစ်ရေးကတော့ ကိုယ့်ရဲ့ တော်ကီတွေကြောင့် စန်းအလွန်ပွင့်သလို တခါတလေ ကိုယ်ပဲခံစားနေရတာ ဗုဒ္ဓဟူးပါ...

@Loveshortnotes

No comments

Powered by Blogger.