💔 ချစ်သူနှစ်ဦး လမ်းခွဲတဲ့အခါ ပိုချစ်တဲ့သူက ပိုခံစားရတယ် 💔
💔💔💔💔💔💔
ချစ်သူနှစ်ဦး အကြောင်းအရာ မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြရင်တောင် ပိုချစ်တဲ့သူက ပိုပြီးခံစားရပါတယ်
သူတင်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံလေးတွေကို Like မပေး comment မရေးဘဲ တစိမ့်စိမ့်လေးနဲ့ ကြည့်နေမိမယ်
သူတင်ထားတဲ့ post လေးတွေက ဘယ်သူ့ကိုများ ရည်ရွယ်နေလဲ ဆိုပြီး စိုးရိမ်နေမိမယ်
သူနဲ့ အပြန်အလှန် ပို့ခဲ့ဖူးကြတဲ့ Conversation တွေကို ထပ်ခါထပ်ခါ ဖတ်ရင်းငိုနေမိမယ်
ဘယ်တော့မှ ခေါ်ခွင့်မရှိတော့တဲ့ ph no လေးတစ်ခုကို အခါခါ ရိုက်နှိပ်မိရင်း မခေါ်သင့်တော့ဘူး ဆိုတဲ့ အသိလေးကြောင့် call ခလုတ်လေးကို ကြည့်ရင်း သက်ပြင်းချနေမိမယ်
တိုက်ဆိုင်မှုလေးတွေ ရှိလာတိုင်း သူနဲ့ကိုယ့်ရဲ့ အမှတ်တရလေးတွေကို တွေးရင်း ပြုံးနေမိမယ်
သူ့ post တွေမှာ သူနဲ့ ဘာလိုလို ပုံစံနဲ့ မန့်ထားတဲ့သူတွေဆို သူတို့ရဲ့ profile တွေထဲထိ ၀င်မွှေမိမယ်
သူ့ရဲ့ချစ်သူနဲ့ အဆင်ပြေနေတာတွေ မြင်တဲ့အခါ ရင်ထဲမှာ နာကျင်နေရင်တောင် သူ့အစား ပျော်နေမိမယ်
တကယ်တော့...
အချစ်စစ်နဲ့ ချစ်မိသူ တစ်ယောက်အတွက် အရာအားလုံးက ပြီးဆုံးခဲ့ပြီဆိုတာ သိနေရင်တောင် သူ့အပေါ်ထားတဲ့အချစ်က လွယ်လွယ်နဲ့ မပြီးဆုံးနိုင်ခဲ့ဘူး
အချစ်စစ် ဆိုတာက လွယ်လွယ်နဲ့ မဖြစ်ပေါ်တတ်သလို လွယ်လွယ်နဲ့လည်း မသေဆုံးတတ်ဘူး ဆိုတာကို တစ်ကယ် ချစ်ခဲ့ဖူးသူတွေသာ သိကြပါလိမ့်မယ်...
credit poe nge (သိုးဖြူ)

Post a Comment