Header Ads

💖 ရိုက်ကွင်းပေါ်က အချစ်ဇာတ်လမ်းကို လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ ဆယ်လီစုံတွဲများ 💖


💓💓💓💓💓
တချို့သော ကိုရီးယား ဆယ်လီတွေရဲ့ အချစ်ရေးတွေက ရုပ်ရှင်ကားတွေ ထဲကလိုပဲ အရမ်းကို ရိုမန်တစ် ဆန်ပါတယ်။ အခု ဖေါ်ပြပေးမယ့် ဆယ်လီစုံတွဲ တွေကတော့ ရုပ်ရှင်ကားထဲမှာ ရိုမန်တစ်ဆန်တယ် ဆိုတာထက်ပိုတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ သူတွေဖြစ်ပါတယ်။

1) Song Joong Ki နဲ့ Song Hye Kyo


သူတို့နှစ်ယောက်ကတော့ Descendants of the Sun ရုပ်ရှင် ဇာတ်ကားထဲမှာ စတင် တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီ ဇာတ်ကားပြနေတဲ့ အချိန်ကတည်း အတွဲညီလွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် သူတို့နှစ်ယောက်တွဲနေတယ်လို့ ပရိသတ်တွေက သံသယရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် တွဲနေကြတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီး နောက်မှာတော့ SongSong စုံတွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲ သတင်းကို တရားဝင် ကြေညာခဲ့ပါတယ်။

2) Taeyang နဲ့ Min Hyo Rin


သူတို့ နှစ်ဦးကတော့ Taeyang ရဲ့ သီချင်း ဗီဒီယိုမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ကြမယ့်အကြောင်းကို Taeyang က သူ့ရဲ့ အင်စတာဂရမ်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

3) Ahn Jae Hyun နဲ့ Goo Hye Sun


ဒီစုံတွဲကတော့ Blood ဒရာမာမှာ အတူတူ တွဲဖက် သရုပ်ဆောင်ရင်းကနေ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်က လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

4) Joo Sang Wook နဲ့ Cha Ye Ryun


သူတို့နှစ်ဦးကတော့ ၂၀၁၅ ခုနှစ်မှာ ရိုက်ကွင်းပေါ်မှာပဲ ရုပ်ရှင်ရိုက်ရင်း တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ လက်ထပ်ခဲ့ကြပြီးတော့ သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကို မွေးဖို့ ပြင်ဆင်လျက် ရှိပါတယ်။

5) Chu Ja Hyun နဲ့ Yu Xiaoguang


တရုတ် ဒရာမာ တစ်ခုမှာ အတူတူ တွဲဖက် သရုပ်ဆောင်ရင်းနဲ့ ဆုံတွေ့ခဲ့ကြပြီး သူတို့ရဲ့ အချစ်ရေးကို ၂၀၁၅ ခုနှစ်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

 Source: Koreaboo

No comments

Powered by Blogger.