Header Ads

❀ ကိုယ့်ချစ်သူ ဂေးဇာတ်ပြောင်းဖို့ ပြင်ဆင်နေတဲ့ အချက်များ 😁


❀ ❀ ❀ ❀ ❀ ❀ ❀
မွီးတို့ရေ ကိုယ့်ရဲ့ချစ်ရပါသော ကျားကျားက ကိုယ်နဲ့တွဲနေရင်း အရင်ကနဲ့ မတူ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာတယ်လို့ ခံစားရရင် ကျိတ်မှိတ်အောင့်အည်း မနေပါနဲ့ ။


အခုကတည်းက ပွင့်ပွင့်လင်းလင်း မမေးထားမိရင် လက်ထပ်ပြီးကာမှ ညီအစ်မ ချစ်နဲ့ ချစ်နေရမယ်နော်။ ဒါကြောင့် ဒီအောက်က အချက်လေးတွေ သတိထားမိရင် ကျားကျားကို ပွင့်ပွင့်လင်းလင်းသာ မေးကြည့်လိုက်ပါ။

❎ အမျိုးသားတွေ အပေါ်မှာ ပိုပြီး အာရုံ စိုက်လာတတ်တယ်

မျက်လုံးတွေက စိတ်ရဲ့ တံခါးပေါက် လို့ အဆိုရှိတဲ့ အတိုင်း ပါးစပ်ကနေ လိမ်ညာလို့ ရပေမယ့် မျက်ဝန်း တွေကတော့ လိမ်ညာလို့ မရပါဘူး။ ဒါကြောင့် သူ့ရဲ့ စိတ်ဝင်စားမှုဟာ အမျိုးသားတွေ အပေါ်မှာ ပိုရှိသလား ၊ အမျိုးသမီးတွေ အပေါ်မှာ ပိုရှိသလား ဆိုတာ မျက်လုံးတွေကို သတိထား ကြည့်ပါ။


❎ သူ့ရဲ့ ဖက်ရှင်တွေ ပြောင်းလဲလာတယ်

အရမ်း ကျပ်လွန်းတဲ့ အဝတ်အစားတွေ ၊ ခြေသလုံးနဲ့ တင်ပါး အလှကို အထူး ပေါ်လွင်စေတဲ့ အဝတ်အစားမျိုးတွေ ၊ ပန်းရောင် မိုးပြာရောင်လို အရောင် နုနုလေးတွေကို မကြာခဏ ရွေးချယ် လာတတ်ကြပါတယ်။ သာမန် အမျိုးသားတွေ ဝတ်ဆင်လေ့ မရှိတဲ့ လက်ဝတ် ရတနာတွေ ၊ အသုံးအဆောင် ပစ္စည်းတွေကို ကြိုက်နှစ်သက် လာ တတ် ကြပါတယ်။


❎ Gym သွားကာနီးတိုင်း မှန်ခဏခဏ ကြည့်တတ်တယ်

Gym ကို နေ့စဉ်သွားတာ မှန်သော်လည်း ထိရောက်တဲ့ အားကစား ပြုလုပ်ခြင်းမျိုး မရှိတတ်ပါဘူး။ ဒါပေမယ့် Gym ကိုသွားမယ့် ကိုယ့်ရဲ့ ဖက်ရှင်ကိုတော့ အထူး ဂရုစိုက်ပြီး လှပ သန့်ပြန့်နေဖို့ ကြိုးစားပန်းစား အားထုတ် တတ်ကြပါတယ်။


❎ လူအများကြားမှာ သူရဲ့ ခန္ဓာကိုယ် အလှကို မကြာခဏ ပြသလိုတယ်

သူရဲ့ ရင်ဘတ် ကြွက်သားတွေ ၊လက်မောင်း ကြွက်သွားတွေ ၊တောင့်တင်း ခိုင်မာတဲ့ ကိုယ်လုံး အချိုးအဆစ်တွေ ကို ဆွဲဆောင်မှု ရှိတဲ့ အနေအထားတွေနဲ့ လူအများ မြင်သာအောင် တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြသလို တတ်ကြတယ်။


❎ အမျိုးသားတွေသာ ပါဝင်တဲ့ အပြာကား ရုပ်ရှင်တွေကို ပိုမိုနှစ်သက်တတ်တယ်

ဒါကတော့ မွီးတို့အနေနဲ့ သိချင်မှ သိရနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လို့ မတော်တဆ သိရှိခွင့် ရခဲ့ရင်လည်း ကိုယ့်ကျားကျားက အဲ့ဒီလို ရုပ်ရှင်တွေကိုသာ စိတ်ဝင်စားတယ် ဆိုရင်တော့ စိတ်မကောင်း စရာပါပဲ။

ဒီအချက်လေးတွေ အပြင် အခြား ဘယ်လို အရာလေးတွေကို တွေ့မိရင်လည်း သတိထားရမလဲ ဆိုတာ ပြောပြပေးသွားဦးနော် ☺️

credit#upupmm

No comments

Powered by Blogger.