Header Ads

❀ တစ်ဖက်သတ်အချစ်ဆိုတာ အချစ်စစ်မဟုတ်ဘူး ဝဋ်ကြွေးပါ ❀


★ ★ ★ ★ ★ ★ ★ ★
လူနှစ်ယောက်မှာ တစ်ယောက်က အတင်း ချစ်နေရပီး ကျန်တစ်ယောက်က အလေးမထားရင် အချစ်စစ် မဟုတ်တော့ဘူး အဲဒါ ဝဋ်ကြွေး ဖြစ်သွားပြီ။

လူတစ်ယောက်က ဘယ်လောက်ပဲ အခြား တစ်ယောက်အပေါ် စေတနာ ထားထား ကျန်တစ်ယောက်က အဲ့ဒီ စေတနာကို တန်ဖိုးမထားဘူး ဆိုရင် သေချာပါတယ် အကြွေးဆပ်နေရပြီ။

လူတစ်ယောက်က စစ်မှန်ပြီး မျှော်လင့်ချက်မဲ့တဲ့ မေတ္တာတွေ ဘယ်လောက်ပေးပေး ကျန်တစ်ယောက်က အဲ့ဒီ မေတ္တာအပေါ် သံသယဝင်ပြီး စော်ကားတဲ့ အဆင့်အထိ ရောက်သွားခဲ့ရင် သေချာပါတယ် အဲ့ဒါက အကြွေးပါ။

လူတစ်ယောက်က ကိုယ့်အနာကို မေ့နေပြီး အခြားသူ အနာကို ကိုယ်ချင်းစာ ပေးခဲ့ပေမယ့် အဲ့ဒီ အခြားတစ်ယောက်က အကောင်း မမြင်ခဲ့ဘူးဆိုရင် သေချာပါတယ် ဝဋ်ကြွေးပါ။

ကိုယ်က ဘယ်လောက်ပဲ အခြားသူ တစ်ယောက်အပေါ် ကောင်းကောင်း အခြားသူက ပေးနေတာထက် ပိုပိုလိုချင်လာပြီး ကိုယ့်ကို မတူသလို မတန်သလို ဆက်ဆံနေရင် သေချာပါတယ် အကြွေးတောင်းခံနေရပြီ။

ဝဋ်ကြွေး ဆိုတာက ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ကိုယ်ပြန်ပေးနေရတာ ဖြစ်ပြီး ယခုလက်ရှိ ကိုယ်ပေးဆပ်နေရသူရဲ့ အပြစ်မဟုတ်ဘဲ ကိုယ်မှားခဲ့တဲ့ အတိတ်ရိုင်းတွေ ကြောင့်ပါ။ ဒါ့ကြောင့် သူ့ကိုအပြစ်မတင်ပဲ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပါ။


လောကကြီးဆီက ရယူနေသူ တချို့ကလည်း မတရားယူမိရင် ပြန်ခံရမှာကို မေ့နေကြကာ ယူပီးရင်း ယူရင်းနဲ့ “ရလေ လိုလေ အိုတစ္ဆေ” တွေ ဖြစ်လာကြတယ်။

ဝဋ်ကြွေးဆိုတဲ့ ကံ ကံ၏အကျိုးကို လက်ခံ ယုံကြည်သွားသူတွေက အခြားသူတွေရဲ့ ရင်ထဲက အနာခံပီး ပေးတဲ့အရာတွေကို ရယူဖို့ထက် ကိုယ်က အတတ်နိုင်ဆုံး ဘယ်လို ပေးဆပ်ရင် ကောင်းမလဲလို့ပဲတွေးပြီး ကြိုးစားလာကြတယ်။


ဝဋ်ကြွေး ဆိုတာက ကျိန်စာထက် ဆိုးပါတယ်။ ငရဲကို ပြေပျောက်အောင် ကောင်းအောင် ကြိုးစားလို့ ရတတ်ပေမယ့် ဝဋ်ကတော့ ကိုယ်သွားတဲ့ နေရာကို အရိပ်လို လိုက်နေတာမျိုးပါ။

ဝဋ်ခံနေရသူအပေါင်းတို့ ... ဝဋ်ကြွေးတွေ ကျေပြီး ကျန်နေတဲ့ ဘဝသက်တမ်းမှာ ယူသောလက်ထက် ပေးကမ်းစွန့်ကြဲသော လက်တွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

(Credit to Original writer)

No comments

Powered by Blogger.