➰ သူဌေးဖြစ်မဲ့လူနဲ့ သာမန်လူ ဘာကွာခြားသလဲ ➰
★ ★ ★ ★ ★ ★ ★ ★ ★
၁) သူဌေးဖြစ်မယ့် သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးတယ်။
သာမန်လူကတော့ နောင်ရေးကို တွေးပြီး ပိုက်ဆံကို စုလေ့ရှိတယ်။
၂) သူဌေးဖြစ်မယ့် သူကတော့ ကိုယ်အပေါ် ကျေးဇူးရှိတဲ့ သူအတွက် ပိုက်ဆံကို သုံးဖို့ မနှမြောတတ်ပါ။
သာမန်သူကတော့ စုထားတဲ့ ပိုက်ဆံလေး ကုန်သွားမှာကို စိုးရိမ်ပြီး နည်းနည်းပဲ သုံးလေ့ရှိတယ်။
၃) သူဌေးဖြစ်မယ့် သူကတော့ ဆုံးရှူံးသွားတဲ့ ပိုက်ဆံကို နောင်ပြန်ရှာရင် ရတာပဲလို့ တွေးတယ်။
သာမန်သူကတော့ ဆုံးရှူံးသွားတဲ့ ပိုက်ဆံကို တွေးပြီးရင်း တွေးလေ့ရှိတယ်။
၎) သူဌေးဖြစ်မယ့် သူကတော့ ပိုက်ဆံမရှိလဲ ဘဝကို ဘယ်လိုပျော်အောင် နေရမလဲ ဆိုတာကို နားလည်တယ်။
သာမန်သူကတော့ ပိုက်ဆံမရှိရင် ဘဝကို ပျော်ရွှင်အောင် နေလို့မရဘူးလို့ ထင်နေတတ်တယ်။
၅) သူဌေးဖြစ်မယ့် သူကတော့ အနာဂတ်မှာ ဝင်ငွေကို ပိုများအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားတယ်။
သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေမရှိရင် ဘယ်လိုလုပ်မလဲ ဆိုတာကို တွေးနေတတ်တယ်။
၆) သူဌေးဖြစ်မယ့် သူကတော့ ပိုက်ဆံကို ကိုယ့်ဟာကို ထိန်းသိမ်းရမယ် လို့ စဉ်းစားတယ်။
သာမန်သူကတော့ ဘဏ်မှာ ထည့်ထားရင် စိတ်ချမ်းသာ နေတတ်တယ်။
၇) သူဌေးဖြစ်မယ့် သူကတော့ ခရီးသွားရင် ခရီးမှာ တွေ့ခဲ့တဲ့ အတွေ့အကြုံ အသစ်တွေကို ရှာတတ်တယ်။
သာမန်သူကတော့ ခရီးမှာ နေစဉ်ဘဝကို မေ့ပစ်ဖို့ ကြိုးစားပါတယ်။
၈) သူဌေးဖြစ်မယ့် သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကို အောင်မြင်မယ်လို့ ယုံကြည်ပြီး အလုပ် လုပ်တယ်။
သာမန်သူကတော့ ငွေစုစာရင်းထဲက စုစုပေါင်းငွေ အပေါ်မှာ ကိုယ့်ရဲ့ တန်ဖိုးကို ဆုံးဖြတ်လေ့ရှိတယ်။
၉) သူဌေးဖြစ်မယ့် သူကတော့ ကျန်းမာရေးအတွက် စဉ်းစားပြီး သေသေချာချာ စားသောက်တတ်တယ်။
သာမန်သူကတော့ ပိုက်ဆံကို ချွေတာပြီး ဖြစ်သလို စားတတ်တယ်။
၁၀) သူဌေးဖြစ်မယ့် သူကတော့ လူတွေအတွက် ဘာအကျိုးရှိအောင် လုပ်ရမလဲ ဆိုတာကို စဉ်းစားတတ်တယ်။
သာမန်သူကတော့ သူတပါးဆီက ဘာကိုရမလဲ ဆိုတာကိုပဲ စဉ်စားလေ့ ရှိတယ်။
မေတ္တာဖြင့်…
#TKW
#CREDIT_အောင်မြင်ရေးနည်လမ်းများ
Post a Comment