Header Ads

ချစ်သူကို IPhone X လက်ဆောင်ဝယ်ပေးခဲ့တဲ့ ၁၀ နှစ်သား ကောင်ကလေး


ဆယ်နှစ် အရွယ်သာရှိသေးတဲ့ ယောက်ျားလေး တစ်ယောက်နဲ့ သူ့ချစ်သူဖြစ်တဲ့ ဒီဂျေတို့ရဲ့ ဒီရုပ်ပုံတွေက လူတွေကို ယူကြုံးမရ ဖြစ်စေတာပါ။ သင့်အနေနဲ့ သူတို့နှစ်ယောက်ရဲ့ အသက်အရွယ်ချင်း ကွာခြားလွန်းတာကြောင့် အံ့သြစရာ ကောင်းတယ်လို့ပဲ သင်ထင်ခဲ့မှာပါ။


ဒါနဲ့ နောက်ထပ် အံ့အားသွားစရာ အဖြစ်အပျက်လေး တစ်ခု ရှိသေးတယ်ဗျ။ ကောင်ကလေးကနေပြီး သူ့ထက်အသက်ကြီးတဲ့ သူ့ရည်းစားကို သူတို့နှစ်ဦးကြား အချစ်သက်သေအတွက် ဆုလက်ဆောင် တစ်ခုအဖြစ် iPhone X အသစ် တစ်လုံး ခရစ္စမတ်နေ့အတွက် ပေးခဲ့ပါတယ်။



နန်သာပုန် ကင်ဝါပသနာ လို့ခေါ်တဲ့ ယင်းလူကလေးက သူ့ရဲ့ဖေစ့်ဘုပ်ပေါ်တွင် သူတို့ရိုက်ထားတဲ့ဓာတ်ပုံတွေကို တင်ထားလိုက်ခြင်းဖြစ်ရာ World of Buzz မှပြန်ပြီး ရှယ်လုပ်လိုက်တာပါ။



ဒီပုံကတော့တစ်ခုတည်းသော ကောင်မလေး ပြုံးနေတဲ့ပုံပါ။ မျှော်လင့်ထားသလိုပဲ အဆိုပါပိုစ့်တွေဟာ သုံးရက်အတွင်း တုံ့ပြန်မှုတွေ အမျောက်အမြားရှိလာပြီး ပြန်ပြီး ဝေမျှတာတွေလည်း ရှိပါတယ်။ ပုံတွေကို ကြည့်ပြီး မေးခွန်းတွေ ထွက်လာပါတယ်။



ပထမတစ်ချက် အနေနဲ့ ဘာ့ကြောင့် ၁၀ နှစ်အရွယ်သာ ရှိသေးတဲ့ ယောက်ျားလေး တစ်ယောက်ကို ရည်းစားထားခွင့် ပြုရတာလဲ။ ဒုတိယ မေးခွန်းက– မိန်းကလေးကနေပြီး ဘာ့ကြောင့် ထိုကလေးကို ချစ်ကြိက်သွားရတာလဲ။



တတိယ မေးခွန်း– အဆိုပါ ကောင်ကလေး အနေဖြင့် မကြာခဏ သူမအတွက် တန်ဖိုးကြီးလက်ဆောင်တွေကို ပေးပြီး အဲလိုဘဲ ဖြစ်နေတာလား။ နောက်ဆုံး မေးခွန်းကတော့ ၁၀ နှစ်အရွယ်သာ ရှိသေးတဲ့ ယောက်ျားလေး တစ်ယောက်က ထိုကဲ့သို့ ပမာဏ များပြားလွန်းလှတဲ့ ငွေတွေကို ဘယ်ကနေ ရတာလဲ ပေါ့။



ဘယ်သူတွေ ဘာဘဲပြောပြော ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းစုံကိုတော့ စဉ်းစားလို့မရဘူး။ ကျွန်တော်တို့လုပ်နိုင်တာတစ်ခုက သူတို့နှစ်ဦးယင်းကဲ့သို့ ခရစ္စမတ်ချိန်ခါသမယကြီးကို ပျှော်ရွှင်စွာနဲ့ဖြတ်သန်းခဲ့သည့်အတွက် အားရကျေနပ်မိပါတယ် ဆိုတာပါပဲ။


credit cele channel

No comments

Powered by Blogger.