Header Ads

လိပ်ပြာသန့်သန့်နဲ ဘ၀ကို အေးအေးချမ်းချမ်းနေပါ


🌷 🌷 🌷 🌷 🌷🌷 🌷 🌷 🌷 🌷 🌷 🌷
နေနိုင်သူလို့ မထင်​ပါနဲ့လား

ကိုယ့်ကို ကျောခိုင်းသွားသူကို နာကျင် ခံစားမိပေမယ့် နေပါလို့ မတားဖြစ်တော့ဘူး . . (တဖက်သားရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု လက်ခံပေးရတာ လူ့ကျင့်ဝတ်လို့ မှတ်ယူထားပါတယ်)

ထားသွားရက် သူကိုလည်း စိတ်နာမိပေမယ့် ပြန်လာစေချင်တဲ့ စိတ် မြူတမှုံလေးမှ မထားခဲ့ရိုး အမှန်ပါ .  (ကျမအချစ်က တသက်​မှာ တကြိမ်သာ ပွင့်လန်းနိုင်မယ့် ကျိန်​စာသင့်​တဲ့ ပန်းတပွင့် ဆိုတာ သူ သိစေချင်လိုက်တာ )

သစ္စာ မထားပေးသူကို ရင်နာမိပေမယ့် အပြစ်တွေ စာမဖွဲ့ဖြစ်တော့ဘူး . . ( လောကမှာ ပြတ်ချိန်တန်ရင်
သစ္စာထက် အရေးကြီးတဲ့ အရာတွေ များစွာ ရှိနေသေးပါလား ဆိုတာ သိလိုက်ရတယ်)

ရက်စက်သွားသူကို မုန်းမိပေမယ့် အငြိုးမာန် မဖွဲ့ ဖြစ်တော့ဘူး . . (ရာဇဝင်ကို ကြည့်လိုက်ပါ ဆုတောင်းမှားခဲ့သူတိုင်း ဇာတ်သိမ်းမှ မလှကြပဲ)

ကိုယ့်အပေါ် ဆိုးတဲ့သူကို နာကျည်းမိပေမယ့် လက်တုန့် မပြန်ဖြစ်တော့ဘူး . . ( အရာတိုင်းဟာ ကိုယ်လုပ်ခဲ့တဲ့အတိုင်း တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတာ သိနေပါတယ်)

သူသာတယ် ငါသာတယ် သူတော်တယ် ငါတော်တယ် သဘောမထားဘူး . .

အနိုင်အရှုံး ဆိုတာလည်း သတ်မှတ်ချက် မထားဘူး . .

အားလုံး သူ့နေရာနဲ့သူ အသုံးဝင်တယ် အရာရောက်တယ် လိုအပ်​တယ်​လို့ ခံယူထားပါတယ် . .

အားလုံးဟာ လောကရဲ့ ဧည့်သည်တွေပါ ချစ်သူ ခင်သူ မုန်းသူ အားလုံး တနေ့ ငါအရင်လား? နင်အရင်လား? သူအရင်လား? အားလုံး အနှေးနဲ့အမြန် ထွက်ခွာသွားကြရမယ့် အပုပ်​​ကောင်​ သရုပ်​​ဆောင်​ (ဘဝတူ) ချင်းတွေ အပေါ် အမုန်း မာန်မာနတွေ အငြိုး အာဃတတရားတွေလည်း မထားဖြစ်တော့ဘူး. .


လူ့ဘဝဆိုတာ ခဏလေးပါ နေခွင့်ရတုန်း . .

• ဘဝကို အရိုးရှင်းဆုံး နေထိုင်မယ်…

• ချစ်ခြင်းမေတ္တာ ကရုဏာကို တန်ဖိုးထား မျှဝေသွားမယ်…

• ခင်မင်မှုကို အလေးထားမယ်…

• မိသားစုကို တန်ဖိုးထား ဂရုစိုက်ဆက်ဆံသွားမယ်…

• ယုံကြည်တဲ့ လမ်းကြောင်းပေါ်သို့ တွေဝေ ယိမ်းယိုင်ခြင်းမရှိ ရဲရဲဝံ့ဝံ့ ဆက်လျှောက်သွားမယ်…

• လိပ်ပြာသန့်သန့်နဲ့ နေထိုင်ပြီး ကိုယ့်လိပ်ပြာကို ဘယ်တော့မှ မျက်နှာမငယ်စေရဘူး…


လက်ရှိ အေးချမ်းလှတဲ့ ဘဝလေး ကျမ ပိုင်ဆိုင်ခွင့် ရထားတယ် ကျမ ကျေနပ်တယ်. .

ကျေနပ်တယ် မကျေနပ်ဘူးဆိုတာ ခံယူသူ အပေါ်မှာသာ မူတည်နေတဲ့ အရာပါ. .

ပြောင်းလဲလို့ မရတဲ့ အဖြစ်မှန်တွေအတွက် လက်ခံနိုင်တဲ့ ခွန်​အားရှိဖို့ လိုအပ်သလို ကျေနပ်​ရဲတဲ့ သတ္တိရှိဖို့လည်း လိုအပ်ပါတယ်​. .

ညီမလေး ကျေနပ်​​နေပါတယ်

credit to Ma pui(ဇလပ်မြေ)
🌷   🌷   🌷   🌷   🌷   🌷   🌷   🌷   🌷   🌷   🌷   🌷

No comments

Powered by Blogger.