Header Ads

မိန်းကလေးတစ်ယောက်ဆီက "ချစ်ပါတယ်" ဆိုတဲ့စကားဟာ သင့်ကို တစ်ဘ၀လုံးစာ ရွေးချယ်လိုက်လို့ပါ 💘


💓💓💓💓💓💓💓💓
ချစ်သူကောင်လေး သိစေဖို့ 💘

တကယ်လို့ သင်ဟာ မိန်းကလေး တစ်ယောက်ဆီက "ရှင့် ကို ချစ်ပါတယ်" လို့ ဝန်ခံ အဖြေစကား ကြားခဲ့ရပြီဆိုရင်.... သူမ ရဲ့ ဘဝ တစ်ခုလုံးစာ အတွက် သင့်ကို ရွေးချယ် မျှော်လင့် မိသွားခဲ့လို့ပါ~

သင်က မချမ်းသာ သော်လည်း...
သင်က ရုပ်မချော သော်လည်း...
သင်က ပညာ မတတ်သော်လည်း...
သင်က ရာထူး ဂုဏ်မကြီးသော်လည်း...
သူမရဲ့ ပတ်ဝန်းကျင် နှင့် သင့် ရဲ့ ပတ်ဝန်းကျင် အသိုင်း အဝိုင်းတို့မှာ ....လူသိရှင်ကြား သင့်လက်ကို ဂုဏ်ယူစွာ တွဲပြလိုတဲ့ ဆန္ဒမျိုး တကယ် ချစ်တတ်သွားတဲ့ မိန်းကလေးတိုင်း မှာ ရှိပါတယ်~

တကယ်လို့သာ~
သူမက အချက်အပြုတ် နဲ့ အိမ်မှုကိစ္စ တွေမှာ ဝါသနာ မပါခဲ့ရင် ဖြစ်ပါစေ~ မကျွမ်းကျင်ခဲ့ရင် ဖြစ်ပါစေ~ သင့်တစ်ယောက် အတွက် ကို တော့ စိုးရိမ်ပူပန်စွာ နှင့် ပြုစု လုပ်ကိုင်ပေးလိုစိတ်~ တကယ် ချစ်တတ်သွားတဲ့... မိန်းကလေးတိုင်းမှာ ရှိပါတယ်

သူမ ဘေးနားမှာ~ ဘယ်လောက်ပဲ ဂရုစိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါစေ သင့်ကို တကယ်ချစ်တဲ့ သူမ က သင့်တစ်ယောက်ထဲရဲ့ ဂရုစိုက်မှု ကိုသာ မျှော်လင့်နေတတ်တာပါ

တကယ်လို့သာ~
သင့်ဆီက ဂရုစိုက်မှုကိုသာ မရခဲ့ရင် ဘယ်သူတွေက ဘယ်လောက် ဂရုစိုက်နေပါစေ... သူမ ဝမ်းနည်းအားငယ် နေတတ်တယ် ဆိုတာ သင် သတိရပေးပါ~



သူမ ဘဝမှာ~
ဘယ်လောက်ပဲ အခက်အခဲ စိတ်ပျက်အားငယ်စရာတွေ ကြုံတွေ့နေခဲ့ရပါစေ... သူမ ချစ်ရတဲ့ သင့်ရဲ့ နွေးထွေးတဲ့ အားပေးနှစ်သိမ့်မှုနဲ့ အတူ အရာအားလုံးကို သူမ ရင်ဆိုင်ဖြတ်သန်း သွားနိုင်ပါလိမ့်မယ်~

တကယ် ချစ်တတ်တဲ့ မိန်းကလေးတိုင်းက အသက်အရွယ် ကြီးတာ ငယ်တာ နှင့်မဆိုင် ပညာအရည်အချင်း ၊ အလုပ်ရာထူး တွေနဲ့မဆိုင် သူမ ချစ်ရတဲ့ သင့်အပေါ်မှာတော့ ဆိုးနွဲ့ ဗိုလ်ကျ အနိုင်ယူချင် တတ်ပါတယ်~


သင်နောက်ထပ် သိထားရမှာက~
မိန်းကလေးတိုင်းက~ တကယ် ချစ်မိသွားပြီဆိုရင်... တစ်ယောက်ဆိုတစ်ယောက် တစ်ဘဝလုံးစာ လေးနက်စွာ နဲ့ သစ္စာထား လက်တွဲ သွားဖို့ကိုသာ မျှော်လင့်ကြပါတယ်

တကယ်လို့သာ~
မိန်းကလေး တစ်ယောက်က~ သင့်ကို တကယ် ချစ်မိသွားပြီဆိုရင် သင် နဲ့ သူမ ရဲ့ အသိုင်းအဝိုင်း နဲ့ ဘဝ အခြေအနေ က ဘယ်လိုမှ မအပ်စပ် မသင့်တော်ပဲ ဖြစ် နေပါစေ... သူမ က ဂရုစိုက်တော့ မှာ မဟုတ်ပါဘူး...

သင်နဲ့ ဝေးဖို့အကြောင်းကို သူမက ဘယ်လိုမှ တွေးတော့မှာ မဟုတ်ပါဘူး... အခြေအနေ အကြောင်းအရာ အားလုံးကို မျက်စိ စုံမှိတ်ကာ ရှင့်လက်ကို တွဲခွင့်ရဖို့သာ သူမက မျှော်လင့်နေတော့မှာပါ~

(ဒီစာကို ကောင်မလေးတွေ ဖတ်မိသွားရင် မိမိသိစေချင်တဲ့ ချစ်ရသူကောင်လေးတွေကို မန်းရှင်း ခေါ်လိုက်ကြရအောင်လား။)

Credit

No comments

Powered by Blogger.