Header Ads

ပရိသတ်တွေအကြား စိတ်ဝင်စားမှုမြင့်တက်နေသော ရွှေထူးဝယ်သွားတဲ့ စိန်လက်စွပ်


ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု ရရှိနေကြတဲ့ အဆိုတော်တွေထဲမှာ ရွှေထူး တစ်ယောက်လည်း ပါဝင်ပါတယ်။ ယခု လတ်တလော လူမှုကွန်ယက် ပေါ်မှာတော့ အဆိုတော် ရွှေထူးနဲ့ ပတ်သတ်တဲ့ သတင်းတစ်ပုဒ်ဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်လို့နေတာ တွေ့ရပါတယ်။



သတင်းလေးကတော့ ရွှေထူး တစ်ယောက် Myanmar Plaza စိန်နန်းတော်မှာ လက်စွပ်ဝယ်သွားတဲ့ သတင်းဖြစ်ပါတယ်။ စိန်နန်းတော်ရဲ့ facebook page မှာတော့ “Myanmar Plaza စိန်နန်းတော် စိန်ရွှေရတနာ ဆိုင်တွင် လာရောက်အားပေးသော ကိုရွှေထူး ကျေးဇူး အထူးတင်ရှိပါကြောင်း” ဆိုပြီး ရေးသားထားပါတယ်။




ရွှေထူးဟာ ယမင်းဦး ဆိုတဲ့ ချစ်သူ ကောင်မလေး ရှိနေတာကို ပရိသတ်တွေလည်း သိထားကြပြီး ချစ်သူသက်တမ်း ကြာမြင့်နေပြီဖြစ်တဲ့ သူတို့စုံတွဲဟာ ပရိသတ်တွေ အားကျရတဲ့ စံပြ စုံတွဲတွေထဲမှာ ပါဝင်လို့ နေပါတယ်။ LDRS တွေ ဖြစ်ကြပေမဲ့ ကြည်နူးစရာကောင်းတဲ့ သူတို့နှစ်ဦးကိုတော့ ပရိသတ်တွေ သာမက အနုပညာအသိုင်းအဝိုင်းက လူအချို့ကပါ အားကျ ချစ်ခင်ကြတယ်လို့ သိရပါတယ်။



ပရိသတ်တွေကတော့ ရွှေထူး ဝယ်သွားတဲ့ လက်စွပ်လေးနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီ လက်စွပ်လေးကို ဘာကြောင့် ဝယ်သွားတာလည်း ဆိုတဲ့ မေးခွန်းတွေကို တွေ့နေရပြီး အချို့ကတော့ ချစ်သူ့ရဲ့ ကောင်မလေးကို လက်ထပ်ခွင့် တောင်းတော့မှာလား ဆိုပြီး မေးခွန်းတွေ ထုတ်နေကြပါတယ် ပရိသတ်ကြီးရေ…..






Source: Sein Nan Daw

No comments

Powered by Blogger.