(1) ဂဏန်းသမားသမားများအကြောင်း (1/10/19/28 ရက်တွင် မွေးဖွားသူများ)
(1) ဂဏန်းသမား
မည်သည့် လတွင် မဆို (1/ 10/ 19/ 28) နေ့ရက်များတွင် မွေးဖွားသူတိုင်းဟာ ၁ ဂဏန်း စိုးမိုးသူများ ဖြစ်ကြပြီး ၁ ဂဏန်း သမားများ ဖြစ်ကြသည် ။
၁ ဂဏန်းသည် တနင်္ဂနွေ နေမင်းကို ကိုယ်စားပြုသော အရာဖြစ်သောကြောင့် နေမင်း၏ စိုးမိုးမှု အားကောင်း နေပါမည်။
၁ ဂဏန်းသည် ဂဏန်း ၉ လုံး၏ စတင်သော ဂဏန်းလည်းဖြစ်ကာ သက်ရှိ လောက၌လည်း ၁ ဂဏန်းကပင် စတင် ရေတွက် ကြရသည်။ ဥပမာ အသက် တစ်နှစ်မှ ရေတွက်ခြင်း။ တရက် တနေ့ တလ တနှစ် စသဖြင့် စတင် ရေတွက်ကြပေမည်။
၁ ဂဏန်းသမားများရဲ့ စိတ်နေ စိတ်ထားများကတော့-
တီထွင်ခြင်း ကိုယ့်ဒူး ကိုယ်ချွန် လုပ်ကိုင်ခြင်း နှင့် ထက်မြက် စူးရှခြင်းကြီးစိုးခြင်း။ လုပ်ငန်းမှာလည်း တီတွင် ကြံဆ ဥာဏ်ရှိခြင်း အသစ်အဆန်း တီတွင်မှုကို နှစ်သက်ခြင်း။ ဦးဆောင် ဦးရွက် ပြုလုပ်တတ်မည် ။ ထယ်ဝါ ခံညားသော ပုဂ္ဂိုလ်များ ဖြစ်တတ်ကြပေသည်။
အတွေးအခေါ် ယူဆချက်များ ပြတ်သားတိကျခြင်း တယူသန်ခြင်း တစ်ခါတရံ တစ်ကိုယ်ကောင်းဆန်ခြင်း နှစ်ဟောင်း စည်းမျဉ်း စည်းကမ်းများကို လက်မခံသူများ ခေါင်းမာတတ်ခြင်း ယတိပြတ် လုပ်ကိုင်တတ်ပေမည် ။
ရည်မှန်းချက် ကြီးမားကြသူများဖြစ်ပီး အောက်ကျနောက်ကျ မခံသူများ ခပ်ချေချေ နေတတ်သူများ ဖြစ်သည်။
ရှေ့က ဦးဆောင် လုပ်ရတဲ့ နေရာမှာ တတ်ကြွစွာ လုပ်ကိုင်တတ်ပြီး သူများနောက်လိုက် သူများလက်အောက် လုပ်ကိုင်ရပါက စိတ်ကျေနပ်မှု မရှိသူများ ဖြစ်၏။ စွန့်စားမှုကို ခုံမင်တတ်သူများ ဖြစ်သည်။
အောင်မြင်သော ၁ ဂဏန်းသမားများမှာ
နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် - ဇွန်လ (19) ရက်
ပထမ ဂျိမ်းဘုရင်မင်းမြတ် - ဇွန်လ (28) ရက်
ပထမမြောက် ချားလ်(ခ်)ဘုရင် - နိုဝင်င်္ဘာ (19) ရက်
ဒုတိယ ဂျော့ဘုရင် - အောက်တိုဘာ (10) ရက်
သမ္မတ ဂါးဖီးလ် နိုဝင်င်္ဘာ - (19) ရက်
သမ္မတ ဝစ်လ်ဆင် - ဒီဇင်ဘာ (28) ရက်
သမ္မတ ဟူးဗား - သြဂုတ် (10) ရက်တွင် မွေးဖွားကြသည်
crd ဆရာဇော်ရဲနောင်



Post a Comment