Header Ads

2 ဂဏန်းသမားများအကြောင်း (2/ 11/ 20/ 29 ရက်တွင် မွေးသူများ)


လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင် နံပါတ် (၂)

သင် ဘာကြီးပဲ ဖြစ်နေနေ.. သင့်ကို လူတိုင်းက ချစ်ကြပါတယ်.. ဘာဖြစ်လို့လဲ ဆိုတော့.. သင်ဟာ လ နဲ့ တူလို့ပါ.. လ ကို လူတိုင်းက သဘောကျ သလိုမျိုးပေါ့.. ပြီးတော့ သင်ဟာ.. စိတ်ကူး အရမ်း ယဉ်တက်သူ တစ်ဦးလည်း ဖြစ်တယ်…

သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အလွန်နည်းတယ်.. မင်းဘ၀မှာ ပြန်ပြီး သုံးသပ်သင့်စရာ တွေချည်းပဲ… သင်ဟာ ခန့်မှန်းရ ခက်တဲ့သူ တစ်ဦးလည်း ဖြစ်တယ်.. အချိန်နဲ့ အခြေအနေကို လိုက်ပြီး သင်ဟာ အမြဲတမ်း ပြောင်းလဲနေတယ်..

တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော် သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်.  သင့်ရဲ့အပြုအမူတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး…. လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ် မြင့်တက်လာပြီ ဆိုရင် သင်ဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..

သင်ဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့. ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို… ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ် (ဆိုလိုတာက သင့်ရဲ့ပတ်ဝန်းကျင် ဆက်ဆံရေး အပေါ်မှာပါ)


တကယ်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်… သင်ဟာ အောင်မြင်မယ့်သူတစ်ဦးပါ… အများစုသော သင့်ရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..! တခါတရံ သင်ဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.  သင်ဟာ ကဗျာဆရာ.. စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မယ့်သူတစ်ဦးပါ…


သင်ဟာ အချစ်ကို အရမ်းကြီး မယုံကြည်တတ်သူ တစ်ဦးပါ.. သင် လက်ထက်ပြီးတဲ့ အထိတောင် အဲဒီအတိုင်းပဲ  သင်ဟာ အချစ်အပေါ် သာမန်ပဲ ခံစားနေတက်သူတစ်ဦပါ.. သင်ဟာ မိန်းကလေးဆိုရင်တော့.. မိသားစုမှာ တာဝန်သိ အမျိုးသမီးတဦး ဖြစ်နေပါလိမ့်မယ်..  သင်ဟာ ယောကျာ်းလေးသာ ဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ.. ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်.. ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..

ဆိုလိုတာက. မိသားစု ကောင်းစားဖို့အတွက် သင့်ရဲ့ဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့ သူတစ်ဦးပါ… သင်ဟာ သိမ့်မွေ့တယ်.. အမြင်ကျယ်တယ်.. သူတပါးရဲ့ စိတ်ကို ခံစားနားလည် ပေးနိုင်တယ်.. လူတွေနဲ့ လိုက်လျောညီထွေ နေတက်တဲ့သူ တစ်ဦးပါ…

သင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9

credit to original

No comments

Powered by Blogger.