📷 ဓာတ်ပုံရိုက်ခံရတာ ၀ါသနာပါတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့အခါ 📷
✿✿✿✿✿✿✿✿✿✿✿✿✿
ကွီးတွေမှာ အဲ့လို ကောင်မလေး တစ်ယောက်လောက် ရှိလားဗျို့ ။ ပို့စ် အမျိုးမျိုးပေးပြီး ဘယ်နေရာ ရောက်ရောက် ကင်မရာလေး ဖွင့်ပြီး ချက်ချင်း လာပေးတတ်တဲ့ ကောင်မလေးမျိုးတွေပေါ့။
ဒီလို ချစ်သူလေးနဲ့ အတူတူ ခရီးသွားကြလို့ လည်ကြပတ်ကြတဲ့ အခါလည်း သူ့ကိုသာ ဓာတ်ပုံတွေ ရိုက်ပေးလိုက်ရပြီး ကိုယ့်အလှည့် ကျတော့ selfie ပုံတွေပဲ ရခဲ့တာမျိုးတော့ မလွှဲမသွေ ကြုံရမယ်နော်။
ကဲ အဲ့လို ကောင်မလေးကို ပိုင်ဆိုင်ထားတဲ့ ကွီးတွေရေ အောက်က အချက်လေးတွေ မှန်ရဲ့လားဆိုတာ ပြောပြပေးသွားအုံးနော်…
📷 စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်
ပထမဆုံးအနေနဲ့ မလွှဲမသွေ ကြုံရမယ့် အဆင့်ကတော့ သူ့ရဲ့စိတ်ကြိုက် ဓာတ်ပုံတွေ မရမချင်း အဲ့နေရာက ခွာလို့မရပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ ဟိုပုံလေးက မှောင်နေတယ် ၊ ဒီပုံလေးက စောင်းနေတယ် ၊ ဒီပုံလေးကတော့ ၀ါးနေတယ် ဆိုပြီး စိတ်ကြိုက်မဖြစ်မချင်း တစ်ပုံပြီး တစ်ပုံရိုက် နေတာကို စိတ်ရှည်ဖို့တော့ လိုလိမ့်မယ်နော်။
📷 Gallery ကိုယောင်လို့တောင်မဖွင့်မိစေနဲ့
တစ်ပုံစံတည်း ဆင်တူတဲ့ ပို့စ်နဲ့တင် ရိုက်ထားတာ 156 ပုံလောက် ရှိနေနိုင်ပါတယ်။ သူတို့ရဲ့ Gallery မှာ သူတို့ရဲ့ ချစ်စဖွယ် အလှဓာတ်ပုံ ၊ selfie ပုံ ၊ snap ပုံ စတာတွေ အပြင် ဓာတ်ပုံsoftware အမျိုးမျိုးနဲ့ ပြုပြင်ချယ်သ အနုဆင်ထားတဲ့ Beforeand After ပုံပေါင်းမြောက်မြားစွာ ကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
📷 ပင်တိုင်ဓာတ်ဆရာ
သူနဲ့အမြဲတမ်း အနီးစပ်ဆုံး ရှိနေတဲ့ သူငယ်ချင်းတွေပြီးရင် သူရဲ့ ချစ်သူကတော့ ပင်တိုင် ဓာတ်ဆရာပါပဲ။ ရှုခင်း အသစ်အဆန်းလေး တွေ့ရင်လည်း ရိုက်ချင် ၊ ကော်ဖီဆိုင်လေး ရောက်ရင်လည်း ရိုက်ချင် ၊ နေ၀င်ဆည်းဆာ ညနေခင်းမှာ နေလုံးကြီးလည်း လက်ပေါ်တင်ပြီး ရိုက်ချင် ၊ ဘော်ဒါတွေနဲ့ ဆုံရင်လည်း Group Photo လေး ရိုက်ချင် ၊ မုန့်ဆိုင်ရောက်ရင်လည်း မစားခင် မုန့်ပန်းကန်လေးနဲ့ ရိုက်ချင် ဆိုတဲ့ မယ်ရိုက်ချင်လေးတွေပါ။ အဲ့အတွက် သင်ကတော့ မမောနိုင်မပန်းနိုင် ရိုက်ပေးရမယ့် ပင်တိုင်ဓာတ်ဆရာ ပါပဲဗျာ။
📷 ကူညီသုံးသပ် အကဲဖြတ်ပေးရမယ်
သူရိုက်ပြီးသမျှ ပုံတွေကို သင့်ကိုပြပြီး ဘယ်ပုံဟာ အလှဆုံးလဲလို့ အမြဲ လာရွေးခိုင်းပါလိမ့်မယ်။ သင်က ဒီပုံ အလှဆုံးလို့ ပြောလိုက်ရင် သူက ဒီပုံလေးကရော မလှဘူးလား လို့ ထပ်မေးပါလိမ့်မယ် ၊ အင်း ဒါလေးလည်း လှတာပဲလို့ ပြောရင် ခုနကဟာနဲ့ ဘယ်ဟာ ပိုလှလဲလို့ ထပ်မေး ပါလိမ့်မယ်။ အဲ့ဒီ မေးခွန်းတွေအတွက် သင့်မှာ သူစိတ် ကျေနပ်လောက်စေမယ့် အဖြေကောင်းကောင်းတွေ ရှိနေဖို့တော့ လိုလိမ့်မယ်နော်။ ဒီလိုမှ မဟုတ်ရင်တော့ တစ်နေကုန် ထိုင်သာ ဖြေပေတော့ပဲ ကွီးရေ။
📷 မှန်ကန်တဲ့ ဓာတ်ပုံရိုက်နည်း တွေကိုလည်း တတ်မြောက်ထားဖို့ လိုလိမ့်မယ်
ဒီနေရာမှာ ပြောတဲ့ မှန်ကန်တဲ့ ဓာတ်ပုံရိုက်နည်း ဆိုတာ အခြားမဟုတ်ပါဘူး။ ဘယ်လို အခြေအနေ ရောက်နေပါစေ သူ့ကိုလှအောင် ရိုက်ပေးနိုင်တဲ့ နည်းပါ။ သင့်ဘာသာသင် လမ်းလည်ခေါင်ပဲ ရောက်ရောက် ၊ မြောင်းထဲပဲ ဆင်းရဆင်းရ ဘယ်လို အခြေအနေ ဖြစ်ပါစေ သူ့ကိုတော့ လှတပတလေး ဖြစ်နေအောင် ရိုက်ပေးနိုင်ရပါမယ် ။ ဒီလိုမှ မဟုတ်ရင်တော့ မလှမချင်း ရိုက်ပေတော့ပဲ ။ ဒါကြောင့် တစ်ကြိမ်ပဲ အပင်ပန်းခံလိုက်ပါ ကွီးရေ ။
💓ဒီအချက်လေးတွေက အသုံးဝင်မယ် ထင်ရင် သင့်သူငယ်ချင်းတွေကို mention ခေါ်ပြီး Share ပေးလိုက်ဦးနော် ။ 💓
credit#upupmm







Post a Comment