Header Ads

💓 ကျွန်မကို မျက်ရည်ကျအောင်လုပ်တဲ့သူထက် ကျွန်မ မျက်ရည်ကျမှာစိုးတဲ့သူကို ကျွန်မရွေးမယ် 💓


💓 ကျွန်မကို မျက်ရည်ကျအောင် လုပ်တဲ့သူထက် ကျွန်မ မျက်ရည်ကျမှာ စိုးတဲ့သူကို ကျွန်မ ရွေးမယ်

💓 ကျွန်မက ချစ်ရတဲ့သူထက်... ကျွန်မကို ချစ်တဲ့သူကိုသာ ကျွန်မ ရွေးမယ်...

💓 ကျွန်မက အလိုလိုက်ရသူထက်... ကျွန်မကို အလိုလိုက်သူကိုသာ ကျွန်မ ရွေးမယ်..

💓 ကျွန်မက ပေးဆပ်ရမယ့် သူထက်... ကျွန်မကို ပေးဆပ်သူကိုသာ ကျွန်မ ရွေးမယ်...

💓 ကျွန်မက မြတ်နိုးရသူထက်... ကျွန်မကို မြတ်နိုးရသူကိုသာ ကျွန်မ ရွေးမယ်...

💓 ကျွန်မက တန်ဖိုးထားရသူထက်... ကျွန်မကို တန်ဖိုးထားရသူကိုသာ ကျွန်မ ရွေးမယ်...

💓 ကျွန်မက သည်းခံရသူထက်... ကျွန်မကို သည်းခံသူကိုသာ ကျွန်မ ရွေးမယ်...

💓 ကျွန်မက သစ္စာရှိရမှာထက်... ကျွန်မကို သစ္စာရှိပေးသူကိုသာ ကျွန်မ ရွေးမယ်...

သစ္စာနဲ့ မတန်တဲ့... သည်းခံတာနဲ့ မတန်တဲ့... ပေးဆပ်ရတာနဲ့ မတန်တဲ့... မြိုသိပ်ရတာနဲ့ မတန်တဲ့... အလိုလိုက်ရတာနဲ့ မတန်တဲ့... မျက်ရည်ကျရတာနဲ့ မတန်တဲ့... တန်ဖိုးထားကိုးကွယ်တာနဲ့ မတန်တဲ့... ကျွန်မ မျက်လုံးမှိတ် ချစ်ရတဲ့သူဟာ ကျွန်မအတွက် တစ်ချိန်မှာ နောက်ကျော ဓားနဲ့ထိုးမယ့်သူ...

ကိုယ့်ဘက်ကပေးမှ ပြန်ရမယ့် အရာတစ်ခု စောင့်စားနေရတဲ့ ခံစားချက်ထက်.... တစ်ဖက်က ပေးလာတဲ့အတိုင်း ပြန်ပေးမယ့် ခံစားချက် တစ်ခုကိုသာ ကျွန်မရွေးမယ်...


ကျွန်မ ဘယ်တော့မှမချစ်ဘူး... ကျွန်မကိုသာ အချစ်ခံမယ်... သူချစ်တဲ့ အပြုမူအတိုင်း ကျွန်မ ပြန်ပြုမူပီး... သူကြင်နာတဲ့ အပြုမူအတိုင်း ကျွန်မပြန်ကြင်နာပီး... သူပေးတဲ့ မေတ္တာအတိုင်း ကျွန်မပြန်ပေးရင်း... သူ့ခြေရာအတိုင်း လိုက်နင်းဖို့ ကြိုးစားလိုက်ရင် ကျွန်မနဲ့သူ အဆင်မပြေစရာ ဘာရှိမလဲ.....

အတ္တကြီးတာပေါ့... ယောကျာ်းတွေက ဘုန်းနဲ့ကံနဲ့လို့ ပြောတတ်ကြတယ်... မိန်းမဆိုတာ မွေးဖွားပေးတဲ့ မိခင်တွေ မဟုတ်ပေမယ့် တသားတည်း အမည်တူတဲ့မျိုးတူတွေ...


အကြိမ်တိုင်း နာကျင်ဖူးသူက မငိုချင်တော့ဘူး.. ဒီယောကျာ်းက ဒီမိန်းကလေး တစ်ယောက်ကို ဘယ်လောက်ချစ်ပီး ဘယ်လောက် တန်ဖိုးထားတယ်ဆိုတဲ့ ပင်ကိုယ်ရှိတဲ့ ဘုန်းကံနဲ့တန်တဲ့ စိတ်ဓာတ်တစ်ခု ရှိမရှိက ကျွန်မလည်း မသိနိုင်လို့လေ !!💓💓

CREDIT TO ORGINAL

No comments

Powered by Blogger.