❀ လမ်းခွဲပီးတဲ့နောက် ဘယ်တော့မှ မလုပ်သင့်တဲ့အရာ(5)မျိုး ❀
★ ★ ★ ★ ★ ★ ★ ★
ချစ်သူနဲ့ စတင် လမ်းခွဲပြတ်စဲပြီးတဲ့အခါ ကျွန်တော်တို့ဟာ တော်တော် များများသော အမှားတွေကို မသိလိုက် မသိဘာသာနဲ့ အမြဲတမ်း ကျူးလွန်မိတတ်ကြပါတယ်။ ဒါဟာ ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ချစ်သူ အပေါ်ကို အရမ်းချစ်ပြီး ခံစားချက်ရှိတဲ့ လူသားတိုင်း ကျူးလွန်တတ်ကြတဲ့ အမှားတွေပါပဲ။
ဒါကြောင့် ထူးထွေပြီးတော့ နောင်တရ ၀မ်းနည်းတာမျိုးတော့ မဖြစ်နဲ့နော်။ဒါပေမယ့် နောက်ထပ် အကြိမ်တွေမှာ ထပ်ပြီး မမှားရလေအောင် ဘယ်လိုအရာတွေလည်း ဆိုတာ အောက်မှာ ဖတ်ကြည့်ပေးအုံးနော်။
❎ သူငယ်ချင်းတွေလို ဆက်ပြီးနေကြဖို့ တောင်းဆိုမိခြင်း
လမ်းခွဲပြီးတဲ့ ကိုယ့်ရဲ့ချစ်သူအပေါ် ခံစားချက်တွေ အလုံးစုံ မကုန်စင်သေးတဲ့ ကာလတွေမှာ သူငယ်ချင်း အနေနဲ့ ဆက်လက် နေပေးဖို့တောင်းဆိုမိတာ မဟာ အမှားကြီးပါပဲ။ အထူးသဖြင့် သူ့ရဲ့ relationship အသစ်ကို လက်ခံပေးနိုင်လောက်အောင်ထိ ကိုယ့်စိတ်ဟာ အဆင်သင့် မဖြစ်သေးတဲ့ အချိန်မှာ သင်ဟာ သူ့ရဲ့ သူငယ်ချင်းကောင်း အဖြစ် နေပေးနိုင်မှာ မဟုတ်သေးပါဘူး။ ဒါဟာ သင့်ရဲ့ ခံစားချက်တွေကို ပိုမို ဆိုးရွားစေပြီး သင့်ကိုပိုလို့ ၀မ်းနည်းစေမှာပါ။
❎ နာကျည်းမုန်းတီးမှုနဲ့ လက်စားချေမိခြင်း
သူလက်ဆောင် ပေးထားတဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်တာ ၊ သူနဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ကနေ ထွက်ပြေး တိမ်းရှောင်တာ ၊ နောက်ကွယ်ကနေ သူ့အကြောင်းတွေ စုံစမ်းပြီး မုန်းတီး အပြစ်တင်နေတာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စတွေပါ။ လူကြီးလူကောင်း ဆန်ဆန်နဲ့ လမ်းခွဲ ပြတ်စဲခြင်းကို လက်ခံနိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သူတွေ၊ သင့်ရဲ့ လက်ရှိဘ၀ကို အောင်မြင်မှုပေးမယ့် အရာတွေပေါ်မှာသာ ပိုမို အာရုံစိုက်ပြီး ခွင့်လွှတ်နိုင်ဖို့ ကြိုးစားသင်ယူပါ။
❎ ဆိုရှယ် မီဒီယာပေါ်မှာ နောက်ယောင်ခံ စုံစမ်းခြင်း
ဒီအချက်ကတော့ ၁၀၀ မှာ ၉၈ ယောက် လုပ်မိကြတာမျိုးပဲ ဖြစ်ပါတယ်။ ပြတ်သွားတဲ့ ကိုယ့်ရဲ့ ex အကြောင်းကို တိတ်တိတ်လေး သွားစုံစမ်းတယ်၊ သူဘာတွေ လုပ်နေမလဲ ၊သူ့ရဲ့နေ့စဉ် ဖြတ်သန်းမှုက ဘယ်လို ရှိနေမလဲ ၊ ချစ်သူအသစ်များ ရနေမလား စတဲ့ မေးခွန်းပေါင်း များစွာနဲ့ ဆိုရှယ် မီဒီယာပေါ်မှာ သွားရောက် ခိုးပြီး ကြည့်နေမိတာပါ။ သင့်ကိုပဲ ၀မ်းနည်း ပင်ပန်းစေပြီး ဘယ်တော့မှ လွတ်မြောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် Block လိုက်တာ အကောင်းဆုံးပါ။
❎ ပြင်လို့မရတဲ့ ဆုံးဖြတ်ချက်တွေ ချမိခြင်း
အသည်းကွဲတာနဲ့ ချက်ချင်း ဆံပင်တွေ ညှပ်ပစ်လိုက်တာ ၊ တက်တူး အသစ် သွားထိုးလိုက်တာ၊ အလုပ်ကနေ ထွက်ပစ်လိုက်တာ စတဲ့ပြင်လို့ မလွယ်တဲ့ ဆုံးဖြတ်ချက်တွေကို လွယ်လွယ် ချမပစ်လိုက်ပါနဲ့။ အသည်းကွဲနေချိန်မှာ ကိုယ့်ရဲ့စိတ် အခြေအနေအရ ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချနိုင်ချင်မှ ချနိုင်ပါလိမ့်မယ်။ ဒါကြောင့် အနည်းဆုံး ရက်ပေါင်း ၃၀ ခန့်စောင့်ကြည့်ပါ။ အဲ့အချိန်မှာတောင် ဒီ ဆုံးဖြတ်ချက်တွေကို လုပ်ချင်နေတုန်း ဆိုမှသာ လုပ်ပစ်လိုက်ပါ။
❎ ကိုယ့်ဘ၀ကိုယ် အရှုံးပေးခြင်း
ငါက ရုပ်ဆိုးတယ် ၊ ငါက မတော်ဘူး ၊ ငါက လူညံ့ ၊ ငါက အရှုံးသမား ၊ ငါက ငွေမရှာနိုင်ဘူး စတဲ့ အတွေးတွေကို လမ်းခွဲပြတ်စဲကာစ လူတိုင်း တွေးမိကြပါတယ်။ ဒီအတွေးတွေက လုံးဝ မမှန်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို ဖျက်ဆီးမပစ်ပါနဲ့၊ မျှော်လင့်ချက်တွေကို လက်မလွှတ် လိုက်ပါနဲ့ ။သင့်ရဲ့ တန်ဖိုးကို သိပြီး မြတ်မြတ်နိုးနိုး လိုအပ်သူတွေ ဆိုတာ ဒီကမ္ဘာကြီးပေါ်မှာ နောက်ထပ် ရှိနေအုန်းမှာပါ။
ဒီစာလေးကို ကြိုက်နှစ်သက်တယ် ဆိုရင် like / share လေး လုပ်ခဲ့ဖို့ မမေ့နဲ့ပါနဲ့နော် ။
credit#upupmm







Post a Comment