တင်ပါးပုံစံကိုကြည့်ပီး သင့်အကြောင်းကိုပြောနိုင် 💖
★ ★ ★ ★ ★ ★ ★ ★ ★ ★
အိုင်းစ်စ် ဘာကြီးလားပဲ ၊ တင်ပါးတွေက ကိုယ့်အကြောင်းကို ဘယ်လိုပြောပြနိုင်မှာပါလိမ့် ။ အထူးအဆန်းပဲနော်။ ဒါပေမယ့်လည်း ဆေးသိပံပညာ ဆက်စပ်ချက်တွေ အရ တင်ပါးတွေနဲ့ ကိုယ့်ရဲ့ Personality ဟာ ထူးဆန်းတဲ့ ဆက်စပ်မှုတွေ ရှိနေတာကို အံ့သြဖွယ်ရာ တွေ့ရပါတယ်။
ကဲ ဒါဆို ကွီးတို့ရေ လူတွေအကြောင်း များများသိဖို့ တင်ပါးတွေကို လိုက်ကြည့်စို့ :3 ငင့်
❎ V shape ပုံသဏ္ဍာန်တင်ပါး
အင်္ဂလိပ် အက္ခရာ V ပုံသဏ္ဍာန် ရှိတဲ့ တင်ပါးပိုင်ရှင် တွေရဲ့ အကြောင်းကနေ စလိုက်ကြရအောင် ။ ဒီလို V shape ပုံစံတင်ပါးပိုင်ရှင် အမျိုးသမီးတွေဟာ ကျန်းမာရေးကို အထူးအလေးထား ဂရုစိုက်ကြပါတယ် ၊ အစဉ်အမြဲ အသစ်အဆန်းတွေကို ကြိုးစား စမ်းသပ်လိုစိတ် ရှိပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက် ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ သူမဟာ ပုံမှန်အားဖြင့် ဦးဆောင်နိုင်စွမ်း ရှိသူဖြစ်ပြီး တိကျရေရာတဲ့ ရည်မှန်းချက်တွေလည်း ထားတတ်ကြပါတယ်တဲ့။
V shape ပုံစံတင်ပါးကို ပိုင်ဆိုင်တဲ့ အမျိုးသားတွေကတော့ GYM သွားရတာကို အလွန်မုန်းတီးတတ်သူတွေ ဖြစ်ပါတယ်၊ သူတို့ဟာ ချစ်စရာကောင်းပြီး လေးနက်တည်ကြည်တဲ့ လူမျိုးတွေပါ။ ထူးထူးခြားခြား ဥာဏ်ရည် ထက်မြက်သူတွေ ဖြစ်ပြီး သူများနဲ့မတူတဲ့ အနုပညာခံစားမှု တွေလည်း ရှိတတ်ကြပါသေးတယ်။
❎ စတုရန်း ပုံသဏ္ဍာန်တင်ပါး
စတုရန်း ပုံစံတင်ပါး ဆိုတာ ခါးအလယ်ပိုင်းကနေ တင်ပါးဆုံ အထိ တူညီတဲ့ အရွယ်အစားရှိပြီး နှစ်ဖက်စလုံးမှာ လုံးဝန်းခြင်းမရှိတဲ့ ပြားချပ်ချပ် တင်ပါးမျိုး ဖြစ်ပါတယ်။ ဒီလို ပုံစံတင်ပါးကို ပိုင်ဆိုင်သူ အမျိုးသမီးတွေဟာဆိုရင် အရာရာကို တိကျသေချာစွာ စေ့စပ်သူတွေ ဖြစ်ပြီး အမြဲတမ်း အောင်မြင်မှုကို ရယူဖို့ ကြိုးစားရှာဖွေနေတတ်သူတွေပါ။
ကိုယ်ယုံကြည်ရာကို စွဲစွဲမြဲမြဲဆုပ်ကိုင်ပြီး ဇွဲမလျော့တမ်း ခေါင်းမာသူတွေလည်း ဖြစ်ပါသေးတယ်။ အမျိုးသားတွေ အနေနဲ့ကတော့ ကျန်းမာရေးကို ဂရုပြုတတ်သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးသူတွေလည်း ဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ပြင်းထန်ပြီး တိရစ္ဆာန် ချစ်တတ်သူလည်း ဖြစ်ပါတယ်။
❎ စက်ဝန်း ပုံသဏ္ဍာန်တင်ပါး
ဒီလို တင်ပါးတွေဟာ အမြင်အားဖြင့် သိပ်ကိုလှပတဲ့ တင်ပါး အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီလို ပုံစံတင်ပါးကို ပိုင်ဆိုင်သူ အမျိုးသမီးတွေဆိုရင် လူတကာရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ခံရတတ်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်တတ်သူတွေလည်း ဖြစ်ပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ အလှအပတွေ တိုးတက်လာစေဖို့သာ အထူး ဦးစားပေးတတ်သူတွေ ဖြစ်ပြီး တွေဝေမှုတွေ များပြားသူ ဖြစ်ပါတယ်။
သူငယ်ချင်းတွေကို အရမ်း အချိန်ပေးတတ်ပြီး သနားကြင်နာ တတ်သူတွေလည်း ဖြစ်ပါသေးတယ်။ ဒီလို တင်ပါးပုံစံ ပိုင်ဆိုင်သူ အမျိုးသားတွေဟာ ဆိုရင် အမျိုးသားချင်း စိတ်ဝင်စားသူတွေ ဖြစ်ဖို့ရာခိုင်နှုန်း များပါတယ်။ လူမှုဆက်ဆံရေး အထူးကောင်းမွန်ပြီး အသင်းအဖွဲ့ကို ဦးဆောင်နိုင်သူတွေလည်း ဖြစ်ပါသေးတယ်။ ပျော်ပျော်နေရတာကို နှစ်သက်ပြီး ရည်မှန်းချက် ကြီးမားသူတွေလည်း ဖြစ်ပါသေးတယ်။
နောက်ထပ် ထူးခြားတဲ့ တင်ပါးပုံစံတွေနဲ့ သူတို့ရဲ့စိတ်နေစိတ်ထားတွေ ကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားဦးမယ်နော်။
💓 ဒီအချက်လေးတွေက အသုံးဝင်မယ်ထင်ရင် သင့်သူငယ်ချင်းတွေကို mention ခေါ်ပြီး Share ပေးလိုက်ဦးနော် ။ 💓
credit#upupmm

Post a Comment