Header Ads

💖 သ၀န်တိုတာနဲ့ သ၀န်ကြောင်တာ 💖


❀ ❀ ❀ ❀ ❀ ❀ ❀
ချစ်သူကို ချစ်ရင်တော့ သ၀န်တို တတ်ကြတာပါပဲ ။ ဒါပေမဲ့ သ၀န်ကြောင်ရင်တော့ ကွဲသွားတာ များကြပါတယ်။

သ၀န်တိုတယ် ဆိုတာ  ကိုယ်ချစ်သူက သူများကို ဂရုစိုက်နေတာ ၊ သူများ နဲ့ ခင်ခင်မင်မင် ဖြစ်နေတာကို တွေ့ပြီး စိတ်ကောက်တာ / ရစ်တာ  " နင် သူ့ကို ပိုပြီး သံယောဇဉ်ဖြစ်နေလား" သူနဲ့က ဘယ်လို လဲ.... ပျော်နေကြတယ်ပေါ့လေ... စသည်ဖြင့် ခနဲ့ တဲ့တဲ့ပြောပြီး  စိတ်ကောက်စကားဆိုတာ သ၀န်တို တာပါ ။

သ၀န်ကြောင်တာက  ကိုယ်ချစ်သူက ဘယ်သူနဲ့မှ မပတ်သက်ရပဲနဲ့ ။  ဘယ်သူနဲ့မှ မတွေ့ရပဲနဲ့ ။ နင် ဘယ်သူနဲ့ သွားနေတာလဲ နင် ဟိုတစ်ယောက်နဲ့ တွေ့နေတာ မို့လား  ၊ စသည်ဖြင့် ကိုယ့်အထင်ကြီး နဲ့ ကိုယ့်အတွေးနဲ့ အပြစ်တင် ဝေဖန်တာ ရစ်တာ ပြော တာ က သ၀န်ကြောင်တာပါပဲ ။

သမီးရည်းစား အတွဲ 60% ကတော့ သ၀န်ကြောင် လို့ ကွဲ သွားကြတာများပါတယ် ။ ကံ ဇာတာမကောင်းရင် ၊ ရေစက်မပါရင် ကွဲသွားတတ်ကြသလို၊ သ၀န်ကြောင် ရင်လည်း ကွဲသွားတတ်ကြပါတယ်။

ကိုယ့်မှာ သ၀န်ကြောင်တတ်တဲ့ အကျင့်ရှိရင်တော့ ပြုပြင်လိုက်ပါ ။ အဲဒါမှ ကိုယ်ချစ်တဲ့ သူနဲ့ ပျော်ရွှင် အဆင်ပြေနိုင်မှာပါ ။ အဲလိုမှ မဟုတ်ရင်.. သ၀န်ကြောင်တဲ့ သူအနားမှာ ဘယ်သူမှ ရေရှည် မနေနိုင်ကြပါဘူးးနော် ။ ဒါလေးကို သိထားပေးပါ။

ဘော်ဒါတွေ အားလုံး ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ………။

credit အချစ်နဲ့ဗေဒင်

No comments

Powered by Blogger.