မိန်းကလေးတွေအတွက် ကြောက်စရာကောင်းတဲ့ ယောင်္ကျားတွေမှာ ဒီအချက်တွေရှိတယ်
★ ★ ★ ★ ★ ★ ★ ★ ★
အမျိုးသမီးများ အိမ်ထောင်ဘက်ရွေးမိပြီ ဆိုရင် ကြောက်စရာကောင်းသော ယောင်္ကျားများ
ရည်းစား တစ်ထောင်၊ လင်ကောင် တစ်ယောက် ဆိုတဲ့ စကားပုံ ကြားဖူးပါတယ်။ အမျိုးသမီးများ ရည်းစားတစ်ထောင် ထားရမယ် လို့ မဆိုလိုပါဘူး။
ဒါပေမဲ့ အမျိုးသားတစ်ဦးရဲ့ အကြောင်းကို ကောင်းကောင်း မသိသေးခင်မှာ အချစ်ကို ယုံပြီး ဘ၀ကို မပုံအပ်သင့်ပါဘူး။ အချစ်ဦး ဆိုတာ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းထဲမှာ အလွန် လှပသလောက် တကယ် ညားသွားရင် သာယာတာက နည်းပါတယ်။
ဘယ်လို ယောင်္ကျားမျိုးကို အိမ်ထောင်ဘက် အဖြစ် ရွေးချယ်သင့်သလဲ ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြပါဘူး။
ဒါပေမဲ့ အောက်ပါ အကျင့်တွေ ငြိစွန်းနေတဲ့ ယောက်ျားများကိုတော့ အိမ်ထောင်ဘက် ရွေးမယ်ဆိုရင် ရှောင်ရှားသင့်ပါတယ်။
1) ကပ်စေးနှဲလွန်းတဲ့ ယောက်ျား အရပ်စကားနဲ့ နှပ်ချေးလို့လည်း ခေါ်ပါတယ်။
ဒီလို ယောက်ျားမျိုးနဲ့ အတူတူ ဆိုင်မှာ တစ်ခုခုစားရင် ပိုက်ဆံပေးဖို့ လက်တွန့် တတ်တာကို တွေ့ရတတ်ပါတယ်။ သူဟာ ဘယ်လောက် ချမ်းသာတယ်။ ဘယ်လို Brand တွေကို ၀တ်ဆင်တယ် စသည်ဖြင့် သိသိသာသာဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ကြွားတတ်ပေမဲ့ ပိုက်ဆံရှင်းရပြီ ဆိုရင် မသိသလို နေတတ်တဲ့ ယောက်ျားမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုးယောင်္ကျားကို ရှောင်ရှား သင့်ပါတယ်။
2) သံသယများတဲ့ ယောင်္ကျား
တအားချစ်လို့ သံသယများတယ်။အရမ်းချစ်လို့ သ၀န်တိုတယ် စသည်ဖြင့် ပြောနိုင်ပေမဲ့ သံသယများတဲ့ ယောက်ျားများဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိတာ သေချာပါတယ်။
ဒီလို ယောင်္ကျားမျိုးနဲ့ တစ်သက်လုံး နေထိုင်ဖို့ မလွယ်လောက်ဘူး။ ကိုယ် ဘာပဲ ပြောပြော သူလိုချင်တဲ့ အဓိပ္ပယ်ကို ကောက်ယူ သွားတတ်တယ်။ ပြီးရင် မထင်မှတ်တဲ့ အချိန်အခါမှာ စိတ်ဆိုးတယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီးရင်တော့ သံသယကင်းပြီး စိတ်ချသွားတဲ့ ယောင်္ကျားတွေလည်း ရှိကြပြန်တယ်။
3) မျိုးချစ်လွန်းတဲ့ ယောက်ျား
သူ့အမျိုးဆိုရင် အကုန်ကောင်းတယ်။ နည်းနည်းမှ ထိလို့မရဘူး၊ သူများ မိသားစု၊ သူများအမျိုး ဆိုရင် လူမထင်ဘူး။ ဘာမဆို သူတို့ဆိုရင် အကောင်းချည်းပဲ။ စဉ်းစားကြည့်လေ ဘယ်လိုပေါင်းမလဲ။
4) စိတ်များတဲ့ ယောင်္ကျား
စိတ်များတဲ့ ယောင်္ကျား, ရည်းစားကို အထည်လဲသလို ထားတဲ့ ယောက်ျားမျိုးကို ရှောင်ပါ။ ဒီလို ယောင်္ကျားမျိုးနဲ့ ညားသွားတာ ရည်းစားလုဘက် တွေကို အနိုင်ရလိုက်ပြီ လို့ မထင်လိုက်ပါနဲ့၊ ကိုယ်နဲ့ ညားပြီးရင် နောက်အသစ် ပေါ်လာတတ်ပါတယ်။
5) လောင်းကစားတတ်တဲ့ ယောင်္ကျား
အစားအသောက် မက်တဲ့ ယောက်ျားထက် လောင်းကစား ၀ါသနာပါတဲ့ ယောက်ျားက ပိုကြောက်စရာ ကောင်းပါတယ်။ ပိုင်ဆိုင်သမျှ အကုန် ပြောင်သွားတတ်လို့ပါ။ လောင်းကစား ဆိုရာမှာ ( ၂ ) လုံးထီ၊ ( ၃ ) လုံးထီလည်း ပါဝင်ပါတယ်။
6) လက်ပါတတ်တဲ့ ယောင်္ကျား
လက်ပါတတ်တဲ့ ယောင်္ကျားမျိုးကို ရှောင်ကျဉ်ပါ။ တစ်ခါ ခွင့်လွတ်လိုက်ရင် နောက်တစ်ခါ ပြန်လာတတ်ပါတယ်။
7) အတ္တဆန်လွန်းတဲ့ ယောင်္ကျား
အတ္တဆန်လွန်းတဲ့ ယောင်္ကျား မျိုးဆို ရှောင်ကျဉ် သင့်ပါတယ်။ ဘာမဆို သူမှန်တယ်။ ဘာမဆို သူ့ကို အလိုလိုက်မှ ဆိုရင် တစ်သက်လုံး ဘယ်လို အဆင်ပြေနိုင်မလဲ။
8) ယောက်ျားကြီးဝါဒ လွန်ကဲခြင်း
ဒီလို ယောင်္ကျားမျိုးဟာ အရည်အချင်း ရှိတတ်ပါတယ်။ ယုံကြည်မှု အပြည့် ရှိနေတတ်ပါတယ်။ ပြသနာက တစ်ချက်လွတ် အမိန့် ပြောသလို စကားပြောတတ်ပါတယ်။
သူဟာ သင့်ကို စိတ်တွင်းကနေ အထင်သေးနေတတ်ပါတယ်။မိန်းကလေးတွေ အားလုံးကို အထင်သေးနေတာလည်း ဖြစ်နိုင်ပါတယ်။
သူ့ရဲ့ အမြင်မှာ ဒီကမ္ဘာကြီးကို ယောင်္ကျားများကသာ ပိုင်ဆိုင်တယ်လို့ ထင်ထားပုံပါ။ မိန်းမဆိုတာ အဖြည့်ခံ လို့ သဘောထားပါတယ်။
Sayar Aung Ko Latt
Post a Comment