Header Ads

🌿တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားကြတဲ့အခါ🌿


❀ အခြေအနေ တစ်ခုကြောင့်… အကြောင်းအရာ မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင် ဝမ်းနည်းစရာ မလိုသလို ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့

❀ ရေစက်ရှိလို့ ဆုံခဲ့ကြပြီး ကံကုန်ရင် လမ်းခွဲကြရမယ်… ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်


❀ ဘဝရဲ့ လှည့်ကွက်တွေအောက်မှာ တစ်ယောက်နဲ့ တစ်ယောက် မမျှော်လင့်ပဲ တွေ့ဆုံခဲ့ကြပြီး မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း ဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေ တွေကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားကြရတာပါပဲ

❀ တစ်ကယ် တမ်းကြတော့… ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ

❀ အနားက ထွက်ခွါသွားသူကို ကျေးဇူးတင်လိုက်ပါ… သူကြောင့် ဝဋ်ဒုက္ခကနေ လွတ်ကင်းသွားလို့ပါ


❀ ဘဝဆိုတာ… ကိုယ်က ချစ်နေပြန်တော့လည်း တစ်ဖက်သားက မုန်းနေပြန်တတ်တယ်… ကိုယ်က မုန်းနေပြန်တော့လည်း တစ်ဖက်သားက ချစ်နေပြန်တတ်တယ်

❀ ချစ်ခြင်း , မုန်းခြင်းတွေ အောက်မှာ သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့ ၊ တွေ့ကြဆုံကြ ခဏလေးပါ …

❀ နေရတဲ့ အချိန်လေးမှာ ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့… သူတစ်ပါးကြောင့်လည်း ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့

❀ ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း ဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး စာနာတတ်တဲ့ နှလုံးသား ကူညီတတ်တဲ့ လက်တစ်စုံနဲ့ လျှောက်လှမ်းနိုင်ကြပါစေ...

Credit To AMZ

No comments

Powered by Blogger.