Header Ads

(55) လက်မ ပတ်လည်ရှိတဲ့ တင်ပါးကြောင့် ဆယ်လီဖြစ်နေသူ


အမျိုးသမီး တော်တော်များများဟာ ယောင်္ကျာားသားတို့ရဲ့ စိတ်ဝင်စားမှုကို သူတို့ရဲ့ အလှအပ တစ်ခုတည်းနဲ့ မရနိုင်ပါဘူး။ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်မှုတွေ၊ မိန်းမဆန်မှုတွေ၊ ဣနြေ္ဒနဲ့တည်ငြိမ်မှု၊ သွက်လက်ထက်မြက်မှု စတဲ့ အကြောင်းတရားတွေ ပေါင်းစပ်ပြီးမှ လူစိတ်ဝင်စားတာ ခံရမယ့် ဆယ်လီဘဝကို ရနိုင်မှာ ဖြစ်ပါတယ်။


ဒါပေမယ့် တစ်ခြား မော်ဒယ်တွေနဲ့ မတူညီတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ Eudoxie Yao အမည်ရ မော်ဒယ် တစ်ဦးကတော့ ရုပ်ရည်က သာမန်ပါဘဲ။ သူမမှာ တစ်ြ်ခားသူတွေထက် ပိုပြီး ထူးခြားတဲ့ (၅၅) လက်မပတ်လည် အရွယ်ရှိ တင်ပါးကြီးကလည်း တစ်ခြား ဆယ်လီတွေကို ယှဉ်နိုင်တဲ့ အလှတရားဖြစ်ပါတယ်။


Yao ဟာ အိုင်ဗရီကို့စ်နိုင်ငံသူ တစ်ယောက်ဖြစ်ပြီး၊ လူမှုကွန်ယက်မှာ ထင်ပေါ်ကျော်ကြားနေသူ တစ်ယောက်ပါ။ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်သလို၊ သူမရဲ့ ကြီးမားလှတဲ့ တင်ပါးကြီးက ကမ္ဘာနဲ့ချီပြီးပြောရရင် အကြီးဆုံး တင်ပါးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်လို့ ဆိုရမှာပါ။


အခုဆိုရင် Yao ဟာ သူမရဲ့ ဓာတ်ပုံတွေကို ရောင်းချခြင်းတွေအပြင် ထုတ်ကုန်ကြော်ငြာခြင်းတွေ အတွက်ပါ ဝင်ငွေတွေ ရရှိနေတဲ့ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် ဖြစ်နေပြီလို့လည်း ဆိုပါတယ်။ ဒီလောက်ကြီးမားတဲ့ တင်ပါးကြီး ရဖို့အတွက် Yao တစ်ယောက် ခွဲစိတ်မှု ခံယူထားတယ် လို့ ဆိုခဲ့ကြပါသေးတယ်။

Yao ကတော့ သူမ တင်ပါးဟာ သဘာဝအတိုင်းသာ ဖြစ်ပြီး တစ်ခါမှ ခွဲစိတ်မှု မခံယူခဲ့ဖူးကြောင်း ငြင်းဆိုထားပါတယ်။ Yao ရဲ အင်စတာဂရမ်မှာ ပရိသတ် (၃၆၂,၀၀၀) ကျော် ရှိပြီး၊ အရေအတွက်က ပိုပြီးများပြားလာခဲ့ကြောင်း သိရပါတယ်။ သူမရဲ့ Fan Club တွေအတွက်တောင် အမှတ်တရ အင်္ကျီပေါင်းများစွာ ရိုက်နှိပ်ခဲ့ရတဲ့ Yao ဟာ စီးပွားရေး လောကမှာလည်း အောင်မြင်နေသူ တစ်ယောက် ဖြစ်ပါတယ်။



from@shwemom

No comments

Powered by Blogger.