2017 ခုနှစ် အကယ်ဒမီအတွက် နေတိုးနဲ့ အိန္ဒြာကျော်ဇင်ကို ခန့်မှန်းခဲ့တဲ့ ဒါရိုက်တာ ဝိုင်း
နာမည်ကြီး ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့ ဝိုင်း ကတော့ မကြာသေးခင်ကမှ ပြသထားတဲ့ နာမည်ကြီး ဇာတ်ကားများထဲမှ နေတိုးနဲ့ အိန္ဒြာကျော်တို့ကို ၂ဝ၁၇ ခုနှစ် အတွက် အကယ်ဒမီ ခန့်မှန်းလိုက်ပါတယ်။
ဝိုင်း ကိုယ်တိုင် ဒါရိုက်တာ အကယ်ဒမီ နှစ်ဆု ရရှိထားသူဖြစ်ပြီး သူ့ဇာတ်ကားတွေကနေ သရုပ်ဆောင် တော်တော် များများလည်း အကယ်ဒမီဆုတွေ ယူပေးနေတာကြောင့် နာမည် ရလာနေတာ ဖြစ်ပါတယ်။
လာမယ့် ၂ဝ၁၈ မတ်လ၊ တတိယအပတ်မှာ ကျင်းပမယ့် အကယ်ဒမီ ပေးပွဲမှာ တာတေကြီး ဇာတ်ကားက နေတိုးနဲ့ ရင်ဘတ်ထဲက ဓား ဇာတ်ကားမှ အိန္ဒြာကျော်ဇင်တို့ အကယ်ဒမီရရှိဖို့ ဆန္ဒရှိနေတဲ့ပုံစံမျိုး ဝိုင်း ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ မနေ့က ရေးသားထားတာ ဖြစ်ပါတယ်။
နေတိုးက အကယ်ဒမီ နှစ်ဆု ရရှိထားသူ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီ တစ်ဆုသာ ရရှိဖူးတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက မျက်နှာများတဲ့ကောင်းကင် ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပြီးနောက် ဇာတ်ကားများစွာ ရိုက်ခဲ့ပေမယ့်လည်း အကယ်ဒမီဆုနဲ့ ဝေးနေခဲ့တာ ဖြစ်ပါတယ်။
Photos ရင်ဘတ်ထဲကဓား၊ တာတေကြီး
Post a Comment