Header Ads

💘 အချစ်​ဆိုတာ ရှမ်းပြည်​နယ်​လိုပဲလား🙊


💓💓💓💓💓💓💓💓
👉 တခါတခါ အချစ်​က နမ့်​ခမ်းနဲ့ တူတယ်​… ခေတ်​မီ​အောင်​​ နေ​ပေမယ့်​ ယဉ်​ယဉ်​​လေး..

👉 တခါတခါ အချစ်​က မူဆယ်​နဲ့ တူတယ်​… ဖျတ်​လတ်​တက်​ကြွတဲ့ ပုံစံ​လေးနဲ့ ဆွဲ​ဆောင်​နိုင်​တဲ့သူ

👉 တခါတခါ အချစ်​က ၁၀၅ မိုင်​ နဲ့ တူတယ်​… အစစ်​အ​ဆေး အ​မေးအမြန်း ထူမှထူ..

👉 တခါတခါ အချစ်​က လွိုင်​ဆမ်​ဆစ်​လိုပဲ… လွမ်း​နေရ​အောင်​ ဖမ်းစားလွန်းတယ်​..

👉 တခါတခါ အချစ်​က သိန္နီလိုပဲ… အ​ဟောင်းနဲ့အသစ်​ ဒွန်​တွဲ​နေ​လေရဲ့...

👉 တခါတခါ အချစ်​က လားရှိုးနဲ့ တူတယ်​… အပြင်​ထွက်​တိုင်း မလုံမခြုံ ခံစား​နေရသလိုလို..

👉 တခါတခါ အချစ်​က သီ​ပေါ လိုပဲ… ငယ်​သာငယ်​တယ်​… ဣ​နြေ္ဒကြီး တစ်​ခွဲသားနဲ့...

👉 တခါတခါ အချစ်​က​ ကျောက်​မဲလိုပဲ… မထင်​မှတ်​ပဲ ထထ​ပေါက်​ကွဲ တတ်​လွန်းလို့...

👉 တခါတခါ အချစ်​က နောင်​ချိုလိုပဲ… ဘာခိုးလုပ်​ခဲ့လုပ်​ခဲ့ အကုန်​မိ​အောင်​ ဖမ်းနိုင်​တယ်​...

👉 တခါတခါ အချစ်​က လွိုင်လင်​လိုပဲ… အေးတိ​အေးစက်​နဲ့ နေရခက်​​အောင်​လုပ်​တယ်​...

👉 တခါတခါ အချစ်​က က​လောနဲ့ တူတယ်​… အ​ပေါ်ယံ​လေး ကြည့်​ရုံနဲ့ ဘာမှခံစားလို့ မရဘူး....

👉 တခါတခါ အချစ်​က​ အောင်​ပန်းနဲ့ တူတယ်​… ဘာမှ​ ဈေးဆစ်​လို့ မရဘူး...

👉 တခါတခါ အချစ်​က ညောင်​​ရွှေနဲ့ တူတယ်​… တွေ့လိုက်​တိုင်း ဘယ်​စကားနဲ့​ ပြောရမှန်း မသိ​အောင်​ ရှုပ်​လွန်းတယ်​..

👉 တခါတခါ အချစ်​က ထမ့်​ဆန်းဂူနဲ့လည်း တူပြန်​တယ်​… ဆက်​စိတ်​ဝင်​စားရနိုးနိုး လန့်​ပြန်​ရနိုးနိုး..

👉 တခါတခါ အချစ်​က​ တောင်​ကြီးတန်​​ဆောင်​တိုင်​လိုပဲ… ပျော်​သာ ပျော်​ရ​ပေမယ့်​ ဘယ်​​နေ့ မီး​ထလောင်​မလဲ ဆိုတာ တွေးပူ​နေရတယ်​..

credit to original

No comments

Powered by Blogger.