ဖြိုးမြတ်အောင် ကိစ္စနဲ့ ပတ်သတ်ပြီး Sorry ပါ ဆိုတဲ့ ကိုကိုလင်းမောင်
ကျနော် ပြောချင်တဲ့ အဓိပ္ပါယ်က ဖြိုးမြတ်အောင် အင်္ဂလိပ်လို ဆိုထားတဲ့ သီချင်းလေးများ ရှိရင် ပြကြပါဦးပေါ့ဗျာ ... မရှိရင်လည်း မရှိဘူး ... ရှိရင်လည်း ပြကြပါဦး ပေါ့..
အဲ့ဒါကို ပွင့်ပွင့် လင်းလင်း သိချင်လို့ပါ...
ကျနော် ဖေ့ဘွတ် ဗွီဒီယို ဖိုင်လေးကြည့်ရင်း ချမ်းမြေ့မောင်ချို အင်္ဂလိပ်လို ဆိုထားတဲ့ ဗွီဒီယိုဖိုင်လေးကို တွေ့လိုက်တယ် ... MMID ဖိုင်နယ်မှာ သူတို့နှစ်ယောက်ပဲ ကျန်တယ်...
ချမ်းမြေ့မောင်ချိုက အင်္ဂလိပ်လို ဆိုပြီးတော့ ဖြိုးမြတ်အောင် ကတော့ အင်္ဂလိပ်လို ဆိုထားတာ မတွေ့ဖူးဘူး
ရှိလား မသိဘူး ... မေးကြည့်လိုက်ဦးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေး တင်လိုက်တာပါ..
စချင်နောက်ချင်တဲ့ စိတ်လေးလည်း ပါတယ်လေ ...
ပြသနာတွေ ဒီလောက်အထိ ပွသွားမယ် လို့လည်း မထင်ဘူး ...
ပြသနာတွေတော့ ဖြစ်ကုန်ပြီ ... ဘာလို့ အဲ့ဒီလို ရေးထားရတာလဲ တဲ့..
ဖြိုးမြတ်အောင်လေးက ပညာရေး အားနည်းတယ်တဲ့..
အဲ့ဒါနဲ့ ဒုက္ခပဲ ငါရေးတာ လွန်သွားပြီလား မသိဘူးပေါ့...
ကျနော် သူရဲ့ ပညာရေး အခြေအနေကို တကယ် မသိခဲ့တာပါ...
အဲ့ဒါဆိုရင်တော့ ငါမှားသွားပြီ...
ကျနော် ကလည်း စချင်နောက်ချင်တဲ့ စိတ်နဲ့ပါ...
MMID နောက်ဆုံး ပြိုင်တဲ့ နှစ်ယောက်က ဘယ်သူက အရည်အချင်း ပိုရှိလဲ သိချင်လို့ပါ...
အဲ့ဒါကို သဘောရိုးနဲ့ ရေးလိုက်တာပါ...
ကျနော် မသိလိုက်ပဲနဲ့ ပြောလိုက်မိတဲ့ အမှားတခု ဖြစ်သွားတာပါ...
Sorry ပါ...
ကျနော့် တဖက်သားကို ချိုးချိုး ဖဲ့ဖဲ့ ပြောတတ်တဲ့ အကျင့်မှာ မရှိပါဘူး...
ဖြိုးမြတ်အောင်ရဲ့ အခြေအနေကိုလည်း မသိခဲ့ပါဘူး...
ညီလေး ဖြိုးမြတ်အောင် ကိုလည်း Sorry ပါ...
အရိုးသားဆုံး ပြောတာပါ...
ဒါက နားလည်မှု လွဲသွားတာပါ ... ။
source ko ko lin mg
Loveshortnotes
Post a Comment