Love and Relationships
Love ဟာ အချိန် အကန့်အသတ် အတိကျရှိတဲ့ ခံစားချက် မဟုတ်သလို သူ့မှာ ဘာကြောင့် ချစ်လဲ ဆိုတဲ့ အကြောင်းပြချက်လည်း ရှိချင်မှ ရှိပါလိမ့်မယ် ။ ဘာမှပြန်ရဖို့ မျှော်လင့်ချက် မရှိလည်း ပျော်ရွှင် နေတတ်တဲ့ ခံစားချက်မျိုးပါ ။
သူက သဘော တူညီချက်လည်း မလိုသလို တားလို့လည်း မရပါဘူး ။ ဒြပ်ထု မရှိတဲ့ အရာ ဖြစ်လို့ ခံစားမှု အတိမ်အနက်နဲ့ အတွေ့အကြံပေါ် မူတည်ပြီး ကိုယ့်အမှန်တရားနဲ့ ကိုယ် အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ပြီး ခံစားနိုင် ပါတယ် ။
Relationships က Love ရဲ့ တစိတ်တပိုင်းလို့ ပြောလို့ရပေမဲ့ Love လို အကြောင်းပြချက်မဲ့ မဟုတ်ဘဲ ရုပ်ရည်၊ ပုံစံ၊ အသံ၊ အရည်အချင်း၊ ပိုင်ဆိုင်မူ၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ကဲ့သို့ တပ်မက်မှု တခုခုကို အခြေခံပါတယ် ။
အချစ်အပြင် သံယောဇဉ် ၊ တပ်မက်မူ၊ မိမိကိုယ်ကို ချစ်တဲ့ အတ္တ၊ အစရှိတဲ့ ခံစားမှု တစ်ခုထက် ပိုတဲ့ အရာတွေ ပါဝင်တဲ့ Package တခု လို့ ပြောလို့ရမယ် ထင်တယ် ၊
Love ကြောင့်ဖြစ်တဲ့ Relationships တွေ ရှိသလို၊ Relationships နဲ့ Love ကလည်း ထပ်တူ ကျချင်မှ ကျပါလိမ့်မယ် ၊ Relationships မှာ Love ပါဝင်မှု နည်းချင်နည်းမယ် များချင်လဲ များမယ် ၊ ခံယူထားတဲ့ Rs Type အပေါ်မှာ မူတည်ပြီးတော့ Love လုံးဝ မပါတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်တယ် ။
Relationship တခုမှာ ကိုယ့်ရဲ့ပျော်ရွှင်မှု ဝမ်းနည်းမှု စတဲ့ ခံစားချက်တွေဟာ တဖက်လူရဲ့ လုပ်ဆောင်မူအပေါ်မှာ မူတည်နေ ပါတယ် ၊ အဲဒီလိုပဲ ကိုယ်မျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ၊ ကိုယ်စိတ်ကျေနပ်လောက်တဲ့ အခြေနေတွေ မရနိုင်တော့တဲ့ အခါ အဲဒီအချစ်တွေကလဲကုန်ဆုံးကောင်းကုန်ဆုံးသွားနိုင်ပါတယ်။
Love မှာ ကိုယ်တိုင် အဓိပ္ပါယ်ဖွင့် ကိုယ့်အမှန်တရားနဲ့ကိုယ် ကြိုက်သလို ခံစားလို့ ရပေမဲ့ Relationships မှာတော့ အဲလိုလုပ်လို့ မရပါဘူး၊ (လုပ်ချင်ရာ လုပ်ပြီး ဒါ ငါ့အကျင့်ပဲ တို့၊ တစ်ဖက်သားကို ဂရုမစိုက် အလေးနက် မထားဘဲ ဒီလိုပဲ နေတတ်တာတို့ လုပ်လို့ အဆင်မပြေ ပါဘူး)
Relationships မှာ လူတယောက်ကသူ့ရဲ့ အရေးကိစ္စတွေ စိတ်ခံစားချက် တွေကို လျှစ်လျှူပြီး တခြားသူ တယောက်အတွက်ပဲ အမြဲ လိုက်ဖြည့်ဆည်းပေးဖို့ ဆိုတာလဲ မဖြစ်နိုင် ပါဘူး ။
တနည်းအားဖြင့် Rlationships ဆိုတာ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို တစုံတယောက် ဆီမှာ မြှပ်နှံခြင်းပါ ၊ Invest လုပ်တာ ဖြစ်တဲ့ အတွက် သာယာ ပျော်ရွှင်မှု ရှိဖို့ ဆိုရင် Return Of Invest လဲ ရှိရပါမယ် ၊ အဲဒီ နေရာမှာ ROI က စီးပွားရေး လုပ်သလို အမြတ် အရှုံး တွက်ပြီး သာတယ် ၊ နာတယ်ကို မဆိုလို ပါဘူး ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှု လိုမျိုး တယောက်ရဲ့ လိုအပ်ချက်ကို တယောက် အပြန်အလှန် ဖြည့်ဆည်း ပေးနိုင် ရပါမယ် ၊ ဥပမာ ။ တယောက်က ဂရုစိုက် အလိုလိုက်တယ် ဆိုရင် တစ်ယောက်ကလည်း အသိမှတ်ပြုတာ၊ သူ့အပေါ်မှာ အလေးထားတာလောက်တော့ ပြန်ပေးနိုင်ရ ပါမယ် ။
ပျော်ရွှင်စရာ ကောင်းတဲ့ Relationships တစ်ခု ဖြစ်ဖို့ အကျင့်စရိုက်က မတူရင်တောင် ညှိနှိုင်းလို့ ရတဲ့ အနေအထား ရှိရပါမယ် ၊ ပြဿနာ တစ်ခုခု ဖြစ်တိုင်း ဘာကြောင့်လဲ ဆိုတာ အဖြေရှာပြီး ညှိနှိုင်း ပြင်ဆင်ရမယ် ။ အဲလိုမဟုတ်ဘဲ တူညီတဲ့ အကြောင်းအရာ တစ်ခုအတွက်ကြောင့်ပဲ ခဏခဏ ပြဿနာ တက်နေမယ်ဆိုရင်တော့ စဉ်းစားသင့် ပါပြီ ။
ညှိနှိုင်းတဲ့ နေရာမှာလည်း တယောက်ရဲ့ စိတ်ကျေနပ်မှု အတွက် အခြားတယောက် အနေ ကြပ်လောက်အောင် ချုပ်တီးနေရမယ် ဆိုရင်လဲည်း အဆင်မပြေပါဘူး ။ Relationships တခုမှာ တစ်ယောက်ကို တစ်ယောက်အထောက် အကူ မဖြစ်တဲ့ အပြင် အမြဲတမ်းလိုလို ပြဿနာတွေပဲ တစ်ခုပြီး တစ်ခု ရှင်းနေရမယ် ၊ အလုပ်ကိုင်ပျက် စိတ်ညစ်နေရမယ် ဆိုရင်တော့ Relationships မဟုတ်တဲ့ Love အတိုင်းပဲ ထားလိုက်တာ ပိုကောင်းပါ လိမ့်မယ် ...
Kyawsantun
Post a Comment