For Relationships
ချစ်သူက
ခဏခဏရစ်လို့ စိတ်မညစ်ပါနဲ့
ချစ်သူ မရစ်တော့ပဲ
အနေအေးသွားမှသာ စိတ်ညစ်ရမှာ
ချစ်သူက
စိတ်ကောက်လွန်းလို့ မညည်းညူ ပါနဲ့
ချစ်သူ စိတ်မကောက်တော့ ပဲ
ဖာသိ ဖာသာ နေမှသာ ညည်းညူ ရမှာ
ချစ်သူက
ဆုံးမလွန်းလို့ ဝမ်းမနည်းပါနဲ့
ချစ်သူ ကိုယ့်ကို
ဘာလုပ်လုပ် မပြောတော့မှသာ ဝမ်းနည်း ရမှာ
ချစ်သူက
ချုပ်ချယ်လွန်းလို့ သေချင်စော် မနံပါနဲ့
ချစ်သူ လွှတ်ထားတော့မှသာ
ကိုယ့်ကိုယ်ကို သေချင်စော် နံရမှာ
သူ့အတ္တထက် ပိုချစ်တဲ့ အခါ
တချို့အရာ တွေမှာ ကိုယ့်ကို တင်းကျပ်သလို ဖြစ်တတ်ပါတယ်
သူ့ဘဝထက် အလေးထားတဲ့ အခါ
တချို့ကိစ္စတွေမှာ ကိုယ့်ကို ဖိနင်းသလို ဖြစ်တတ်ပါတယ်
ပျက်ချင်ဇော များလို့ ခဲဖျက်ကို အားသုံးမိတော့
ခဲသားမပျက်ပဲ စာရွက်ကလေးပဲ ပြဲသွားသလိုပေါ့
သွေးဆူလွယ်ပြီး ပြဿနာဖြစ်မယ့် အစား
ဥာဏ်ကိုလွှာပြီး နားလည်မှုယူပါ. . .
သူ့ဘက်က အလေးများရင် ကိုယ်ကလျော့
သူ့ဘက်က အလေးလျော့ရင် ကိုယ်ကများပေး ...
ချိန်ခွင်ကလေး ဘက်ညီဖို့ ဆိုတာ
ဟိုဘက် ဒီဘက် အလေးချိန်မျှနေမှ မဟုတ်လား ...
Kurneair Ziom
Kz:)
Post a Comment