Header Ads

ဘဝ​မှာ နေပျော်နည်း​ (10) နည်း


(1) ကိုယ့်ဘဝအတွက် ​မလိုအပ်​တဲ့ သူ​တွေ အတွက်နဲ့​ အချိန်​ကုန်​ မခံပါနဲ့ ။

ကိုယ့်ကို ငြင်းပယ်​ခဲ့ဖူး သူ​တွေ လိုအပ်​မှ ကိုယ့်ကို တမ်းတမ်း တတ ဖြစ်​တတ်​ကြ သူ​တွေ အတွက်​ လုံးဝ အချိန်​ကုန် ​မခံပါနဲ့ ။ တ​ချို့​တွေ​တော့ ရှိတယ် ။ " ငါ​က သူ့အတွက်​ အမြဲတမ်း ​ပေးဆပ်​ဖို့ အဆင့်​ပဲ " တဲ့ ။ ဒါဟာ ​သေချာ​ တွေးကြည့်​ရင်​ စိတ္တဇ ​ဝေဒနာသည်​ တယောက်​ရဲ့ အ​တွေးမျိုးပါ ၊ ချီးကျူးထိုက်​ဖို့ ​နေ​နေသာသာ လုံးဝ ဂုဏ်​ယူစရာ မ​ကောင်းတဲ့ လုပ်​ရပ်​မျိုး ပါပဲ ။ ကိုယ့်ကို မလိုအပ်​တဲ့သူ အတွက်​ အပင်​ပန်းခံ​နေမဲ့ အစား ပရဟိတ လုပ်​ငန်း​တွေမှာ အချိန်​ကုန်​ ခံလိုက်​ပါ ။

(2) လိုအပ်​တဲ့အချိန်​ အဆင်​သင့် ဖြစ်​​အောင် ပိုက်ဆံ ​ပုံမှန်​စုပါ ။

ကျနော်​တို့ဟာ ဘယ်​အချိန်​မှာ ဆင်းရဲ ဒုက္ခ​တွေ ကြုံမလဲ ၊ ဘယ်​အချိန်​မှာ အနာတရ ဖြစ်​မလဲ ဆိုတာ ကြိုပြီး ​မသိနိုင်​ပါဘူး ။ ဒီလို အ​နေအထားမျိုး​တွေ တကယ် ​ဖြစ်​လာခဲ့ရင် အခက်​အခဲ​တွေကို တ​ဖက် ​တလမ်းမှ ​ဖြေရှင်းဖို့ ​ပိုက်​ဆံ စုပါ ။

(3) ဘယ်​​တော့မှ ပိုက်​ဆံ​မ​ချေးပါနဲ့ ။

ဆောင်​ပုဒ်​​လေး တ​ခု ရှိတယ်​ ။

တောင်းမှ ​ပေးတာ လူမိုက်
မ​တောင်းပဲ ​ပေးတာ လူလိမ္မာ
တောင်းလည်း မ​ပေးတာ လူယုတ်​မာ

ဒါ့​ကြောင့် ပြင်​ပ​ ဘေးသူစိမ်း​တွေနဲ့ မယုံကြည်​ရတဲ့ သူ​တွေကို တက်​နိုင်​သမျှ ပိုက်​ဆံ ​မ​ချေးပါနဲ့ ။ေ​ငွေ​ကြေး ဥစ္စာဟာ နည်းသည် ​ဖြစ်​​စေ များသည်​ဖြစ်​​စေ ​ချေးငှား​ကြသူတိုင်းဟာ ပြန်​ပြီး လိုချင်​ကြ စမြဲပါ ။ ပြန်​မဆပ်​ခဲ့ဘူး ဆိုရင်​ ရင်​ထဲမှာ အစိုင်​အခဲ​လေး တည်​​နေတတ် ​ပါတယ်​ ။ ကိုယ်​တကယ် ​ချစ်​တဲ့သူ​တွေ အတွက်​ ဆိုရင်​ ရက်​ရက်​​ ရော​ရောသာ ​ပေးကမ်း ကူညီ​ပေး လိုက်​ပါ ။

(4) စာများများ ဖတ်​​ပေးပါ ။

ဦးသန့်​ရဲ့ စကား​လေးနဲ့ပဲ ​ပြောပါရ​စေ ။ " စာဖတ်​​သော လူမျိုးသည်​ တိုးတက်​၍ တိုးတက်​​သော လူမျိုးသည်​ စာဖတ်​သည်​ " တဲ့ ၊ သိပ်​ကို မှန်​ပါတယ်​ ။ သင်​သာ စာဖတ်​ခြင်းမှာ ဈန်​ဝင်​​နေရင်​ အခြားကမ္ဘာ တ​ခုကို ​ရောက်​ရှိသွားသလို ခံစားမိမှာ မလွဲဧကန်​ပါပဲ ။ ကျနော်တို့ရဲ့ဘဝ​တွေ တိုးတက် ​မြင့်မား​စေဖို့ ၊ အသိဉာဏ် ​ပညာ​တွေ တိုးပွား​စေဖို့ အတွက်​ စာဖတ်​ခြင်း ဟာ အ​ကောင်းဆုံး နည်းလမ်း တ​ခုပါပဲ ။

(5) ကိုယ့်အ​ပေါ် မ​ကောင်းတဲ့သူ​တွေကို ပြတ်​ပြတ်​ သားသား ဆက်​ဆံတတ် ​ပါ​စေ ။

ကိုယ်​က​ ကောင်းသ​လောက်​ ကိုယ့်အ​ပေါ် မကြာခဏ လူလည် ​ကျတတ်​သူ​ တွေကို တ​လေး တစား ဆက်​ဆံ​နေ ဖို့ လုံးဝ မလိုအပ် ​ပါဘူး ။ ဒီလို လူမျိုး​တွေဟာ သူတို့ အနိုင်​ယူဖူးတဲ့သူ အ​ပေါ် ​နောက်​တ​ကြိမ်​ ယုတ်​မာဖို့ ဘယ်​​တော့မှ ဝန်​​လေး​နေမှာ မဟုတ်​ပါဘူး ။

သူက ပြုံးရင်​ ကိုယ်​က ပြန်​ပြုံးပြ လိုက်​ပါ ။ သူက မဲ့ရင်​ ကိုယ်​က ပြန်​မဲ့ပြ လိုက်​ပါ ။

သူက မီးလို ကျင့်ရင်​ ကိုယ်​က မီးလို ပူ​လောင် ​ပြလိုက်​ပါ ။ သူက ​ရေလိုကျင့်ရင်​ ကိုယ်​က ​ရေလို ​အေးချမ်း ပြလိုက်​ပါ ။

(6) စိတ်​တူ ကိုယ်​တူ အသိမိတ်​​ဆွေ များနဲ့ စကားများများ ​ပြောပါ ။

သင့်ကို ​လေးစားတဲ့သူ ၊ သင်​ကလည်း ​လေးစားတဲ့သူများနဲ့ မကြာခဏ စကား​ပြောပါ ။ ဒီလို စကား​ပြောခြင်းဖြင့် စိတ်​ချမ်းသာမှုကို ရ​စေပြီး အချိန်​ကုန်​မှန်း မသိ ကုန်​​နေတာကို သတိမထား မိ​အောင်​ ကြည်​နူးစရာ ​ကောင်း​နေ ပါလိမ့်မယ်​ ။

နောက်​ပြီး ကိုယ့်ရဲ့ရည်​မှန်းချက်​ ၊ လက်​ရှိ အ​ခြေအ​နေ ၊ အနာဂတ် ​အလားအလာ စတာ​တွေ အတွက် ​သင်​နဲ့ စိတ်​သ​ဘောထားချင်း တိုက်​ဆိုက်​သူများ ကသာ အကြံ​ဉာဏ်​​ကောင်း​တွေ ​ပေးနိုင်​ ပါလိမ့်မယ်​ ။

ဆိုလိုတာက သင်​က ဘာသာ​ရေး သမား ဆိုရင်​ အရက်​သမား​တွေနဲ့ စကား​ပြောလို့ အဆင်​​ပြေမှာ မဟုတ်​ပါဘူး ။

(7) ခရီး​တွေ မကြာခဏ ထွက်​ပါ ။

တို​တောင်းလှတဲ့ဘဝမှာ အ​တွေ့အကြုံ သစ်​​တွေကို ခံစားဖို့နဲ့ အ​ထွေ​ထွေ ဗဟုသုတ ( General knowledge ) မြင့်မား​စေဖို့ မကြာခဏ ခရီးထွက်​သင့်ပါတယ်​ ။ ခရီးသွားခြင်းဟာ အ​ကောင်းဆုံး စိတ်​အပန်း​ဖြေမှု တ​မျိုးဆိုတာ သင်​ လက်​ခံလာ ပါလိမ့်မယ်​ ။

ရေ​မြေ ​တော​တောင် ​သဘာဝ အလှ​တွေကို ရှုစားရခြင်းဟာလည်း စိတ်​ချမ်းသာမှု တ​မျိုး ပါပဲ ။ ခရီးထွက်​ခြင်း အားဖြင့် သင့်ဆီမှာ ရှိ​နေတဲ့ pressure ​တွေကိုလည်း အ​တော်​အသင့် ​လျော့နည်း​စေမှာ ဖြစ်​ပါတယ်​ ။

(8) ကိုယ်​၀ါသနာပါတဲ့အလုပ်​ကိုပဲ လုပ်​ပါ ။

ကျွန်​​တော်​ စာတစ်​​ကြောင်း ဖတ်​ဖူးခဲ့တယ်​ ။ If you don't like where you are, ...move.You are not a tree. မင်း​နေတဲ့ ​နေရာကို မကြိုက်​ရင် ​​ပြောင်းလိုက်​ ။ မင်းက သစ်​ပင်​ တ​ပင်​ မဟုတ်​ဘူး ။

ဟုတ်​ပါတယ်​ ၊ ကျနော်တို့ဟာ လူ​တွေပါ ။ ​ရွေ့လျားလို့ မရတဲ့ သစ်​ပင်​​တွေ မဟုတ်​ပါဘူး ။ ဒါ့​ကြောင့် ခဏတာ ရခဲလှတဲ့ ဒီဘဝ​လေးမှာ ကိုယ်​သ​ဘောမကျတဲ့ အလုပ်​ကို လုပ်​ရင်း စိတ်​ညစ်​ညူး မခံပါနှင့် ။

ဂျော့(ခ်ျ​)ဘန်း(စ်​) ​ပြောဖူးတဲ့ စကား တ​ခွန်းရှိတယ်​။ " ကျုပ်​က​တော့ ကျုပ်​ ဝါသနာမပါတဲ့ အလုပ်​ကို လုပ်​ပြီး ​အောင်​မြင်​သူ ဖြစ်​ရတာထက်​ ကျုပ်​ဝါသနာ ပါတဲ့ အလုပ်​ကို လုပ်​ပြီး မ​အောင်​မြင်​သူ ဖြစ်​ချင်​တယ်​ " တဲ့ ။

ဟုတ်​ကဲ့ ... ကိုယ်​ အမှန်​တကယ်​ ဝါသနာ ပါတဲ့ အလုပ်​ကိုပဲ လုပ်​ပါ ။

(9) တ​ဖက်​လူ ဘက်​မှ ဖြည့်​တွေး​ပေးပါ ၊ ကိုယ်​ချင်းစာစိတ်​ ထားပါ ။

ပြ​ဿနာ တ​ခုကို ကိုယ်​မြင်​တဲ့ ဘက်​ကလည်း မှန်​နိုင်​သလို သူမြင်​တဲ့ ဘက်​ကလည်း မှန်​​နေနိုင်​ပါတယ်​ ။ သ​ဘောထား ကွဲလွဲတာဟာ အဓိက ပြဿနာ မဟုတ်​ပါဘူး ။ ဒါ့​ကြောင့် တ​ဖက်​လူ အမြင်​ကိုလည်း ​လေးစားတတ်​ဖို့ သိပ်​ကို လိုအပ်​ ပါတယ်​ ။

သူ့​နေရာမှာ ငါသာဆိုရင်​ ဘယ်​လို ​နေမလဲ ဆိုတဲ့ အ​တွေးမျိုးကို ​တွေးတတ်​ဖို့ အမြဲတမ်း သင်​ယူထားပါ ။ သူ့ဘက်​က ကြည့်​တော့ လက်​ဖဝါး ငါ့ဘက်​က ကြည့်​တော့ လက်​ဖမိုးဆိုသလို အမှန်​တရား တ​ခုဟာ အမြင်​အမျိုးမျိုး ရှိ​နေတတ် ​ပါတယ်​ ။

(10) တ​စုံ တ​ရာကို အမြဲတမ်း သင်​ယူပါ ။

ဥ​ရောပ နိုင်​ငံ​တွေမှာ ဆိုရင်​ အသက် ​၈၀ အရွယ် ​အဘိုးအဘွား​တွေဟာ ဘာသာစကား ​အသစ်​​တွေက အစ အသိပညာ အတတ်​ပညာ​တွေ သင်​ယူ​လေ့လာ ​နေတုန်း ​ပါပဲ ။ တ​စုံ တ​ရာကို အမြဲတမ်း သင်​ယူ​နေတတ် ​တာဟာ သူတို့ရဲ့ ဓ​လေ့ တ​ခုလို ဖြစ်​​နေပါပြီ ။

ဒါ​ကြောင့် တ​စုံတ​ခုကို စိတ်​ပါ လက်​ပါ သင်​ယူပါ ။ အတတ်​ပညာ တ​မျိုးမျိုးကို ထူးချွန်​​အောင်​ ​လေ့လာပါ ။ ကာယနဲ့ လုပ်​တဲ့ အလုပ်​ဟာ အသက်​ငယ်​တုန်း မှာပဲ အကျိုးပြု ပါတယ်​ ၊ အသက်​​တွေ ကြီးလာခဲ့ရင်​ ဉာဏနဲ့ လုပ်​တဲ့ အလုပ်​ကသာ ကိုယ့်အတွက်​ အဆင်​​ပြေ သက်​သာ​စေ မှာပါ ။

HtetPai (ဘဝနေနည်း ဒသနမှကူးယူဖော်ပြသည်)

No comments

Powered by Blogger.